နေပြည်တော်
ဧပြီ ၃
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်ဒေသမှ
တိုက်ပွဲရှောင် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး
ဝန်ကြီးဌာနမှ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိရာ တိုက်ပွဲကျ/ ဒဏ်ရာရ တပ်မတော် သားများ၊
ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ် တိမ်းမှောက်၍ သေဆုံးခဲ့သည့် ပြည်သူများ၊ တိုက်ပွဲရှောင် ၀န်ထမ်းများနှင့်
ပြည်သူများ အတွက် မတ် ၂၅ ရက်အထိ ငွေသား ထောက်ပံ့မှု စုစုပေါင်း (၅၁၅၈၀၀၀၀)နှင့် တန်ဖိုးငွေ
(၅၀၇၀၃၉၆၉)ရှိ ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ စောင်၊ တဘက်၊ ဒန်အိုး၊ ဇလုံ၊ ခြင်ထောင်၊
ကာဘော်လိပ် ဆပ်ပြာစသည့် ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။ ထပ်မံ၍ ဧပြီ ၂ ရက်တွင်
လောက်ကိုင်ဒေသ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် တပ်မတော်သားများ အတွက်
တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် ထောက်ပံ့ငွေများ လှူဒါန်းခဲ့ရာ လားရှိုးမြို့ရှိ စစ်ဆေးရုံတွင်
တက်ရောက် ကုသလျက် ရှိသည့် တပ်မတော်သားများ အတွက် ငွေကျပ် (၅၀၀၀၀၀၀)၊ ပြင်ဦးလွင်မြို့ရှိ
စစ်ဆေးရုံတွင် တက်ရောက် ကုသလျက် ရှိသည့် တပ်မတော်သားများ အတွက် ငွေကျပ်(၅၀၀၆၁၀၀၀/-)
လှူဒါန်းခဲ့ သဖြင့် ငွေနှင့် ပစ္စည်း ထောက်ပံ့ လှူဒါန်းမှု စုစုပေါင်းမှာ (၁၁၂၂၉၀၀၆၉ိ/-)
(ကျပ် တစ်ထောင် တစ်ရာ နှစ်ဆယ့် နှစ်သိန်း ကိုးသောင်း ခြောက်ဆယ့်ကိုး တိတိ) ထောက်ပံ့
ပေးခဲ့ပြီး ဖြစ်သည်။ ၎င်းအပြင် နယ်မြေ အေးချမ်းပြီး ပြန်လည် အခြေချ နေထိုင်မည့် ဒေသခံ
ပြည်သူများ အတွက်လည်း ယာယီ နေထိုင်နိုင်ရေး အတွက် မိုးကာတဲများ၊ မိုးကာလိပ်/ မိုးကာစများကို
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန လားရှိုးခရိုင် ဦးစီးမှူးရုံးတွင် အသင့်
သိုလှောင် ထားရှိပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment