နေပြည်တော် ဧပြီ ၅
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်သည်
ဧပြီ(၄)ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပျဉ်းမပင်စက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများတွင်
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်ကာ သင့်တင့်ကောင်းမွန်သည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများ၏ လုပ်ငန်းခွင့်ဆက်ဆံရေး
ကောင်းမွန်မှုကြောင့် အငြင်းပွားမှုများ လျော့နည်းပြီး ကုန်ထုတ်စွမ်းအား တိုးတက် အောင်မြင်စေရန်နှင့်
အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်အပြင် လူမှုအဖွဲ့ အစည်းများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်
လုပ်ငန်းခွင် တည်ငြိမ် အေးချမ်းရေးကို အထောက်အကူ ပြုစေရန်အတွက် ပျဉ်းမပင်စက်မှုဇုန်ရှိ
Dragon State အထည်ချုပ်စက်ရုံနှင့်
Tri State အထည်ချုပ်စက်ရုံများသို့
ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့်တွေ့ဆုံမှာကြား
ရာတွင် လုပ်ငန်းခွင် အေးချမ်းသာယာစေရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရန်တို့အတွက်
အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း၊ အလုပ်ရှင်၊
အလုပ် သမားများ ပူးပေါင်း ဆောင်ရွက် ခြင်းဖြင့် မိမိစက်ရုံ၏ လုပ်ငန်းခွင် တည်ငြိမ်
အေးချမ်းမှု၊ ကုန်ထုတ် စွမ်းအားတိုးတက်မှုကို များစွာ အထောက်အကူ ပြုပါကြောင်း၊ ထို့ပြင်
အလုပ်သမားရေးရာ အငြင်း ပွားမှုများကို ဖြေရှင်း ဆောင်ရွက်ရာတွင် များစွာ အထောက်အကူ ပြုနိုင်မှာ
ဖြစ်သကဲ့သို့ လုပ်ငန်းခွင် အေးချမ်းသာယာမှုကို များစွာ အထောက်အကူ ပြုနိုင်မည် ဖြစ်ပါကြောင်း
ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံ၊ အလုပ်ရုံများတွင် ဖွဲ့စည်းထားသော အခြေခံ
အလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ အလုပ်သမား ခေါင်းဆောင်များ၏ တင်ပြချက်များ
အပေါ် ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကာ အလုပ်သမားရေးရာ ဆောင်ရန်/ ရှောင်ရန် ပညာပေး စာအုပ်များကို ဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment