နေပြည်တော် ဧပြီ ၎
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကံဇော်သည် ယနေ့ နေ့လည် ၃ နာရီတွင် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်
စစ်ဆေးရေး ဦးစီးဌာန နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် တို့သို့ သွားရောက်
ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး အား သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးချုပ်များနှင့်
တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမတွင် ဗဟိုစက်
ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ မော်တော်ယာဉ် သိုလှောင်
ရုံများတွင် အလိုအလျောက် မီးငြိမ်းသတ်သည့်စနစ် တပ်ဆင်ထားရှိဆောင်ရွက်ပြီးစီးမှု အခြေအနေ
ကို ရှင်းလင်းတင်ပြပြီး၊ Great Alliance Engineering Supply Co., Ltd မှ တာဝန်ရှိပုဂ္ဂိုလ်
မှ အလိုအလျောက် မီးငြိမ်းသတ်သည့် စနစ်တပ်ဆင်ခြင်း လုပ်ငန်းများဖြစ်သည့် မီးသတ်ပိုက်
နှင့် မီးသတ်ခေါင်းစနစ်များ တပ်ဆင်ခြင်း၊ သိုလှောင်ရုံများအတွင်း အလိုအလျောက် ရေဖြန်းစနစ်
တပ်ဆင်ခြင်း၊ ရေလှောင်ကန်နှင် ရေတွန်းစက် အဆောက်အဦများ တည်ဆောက်ခြင်း ဆိုင်ရာ နည်းလမ်းများကို
ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Fire Command Centre ရှိ Fire Alarm Control System ကိုလည်းကောင်း၊ Ground Tank နှင့် Pump
House များသို့ လည်းကောင်း သွားရောက် စစ်ဆေး၍ သိုလှောင်ရုံ အမှတ် (၃) တွင် လက်တွေ့
မီးငြိမ်းသတ်မှု သရုပ်ပြ ရှင်းလင်း တင်ပြခြင်းအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စနစ်တကျ တည်ဆောက်ထားသည့် မီးဘေးကာကွယ်ရေးစနစ် တစ်ခုဖြစ်၍
ရေရှည် တည်တံ့အောင် ထိန်းသိမ်းရန်၊ အကျိုးရှိစွာ အသုံးချရန် နှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက်
ဝန်ထမ်းများအား လေ့ကျင့် သင်တန်း ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် (နေပြည်တော်)
သို့ သွားရောက် စစ်ဆေးရာတွင် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်က အမျိုးသား မှတ်တမ်းများ
မော်ကွန်းတိုက် ဆောက်လုပ်ပြီးစီးမှု အခြေအနေများ၊ လုပ်ငန်းပိုင်းဆိုင်ရာ တည်ဆောက်ဖွဲ့စည်း
နေရာချထားမှုများ နှင့် ရုံးနေရာချထားမှုများ အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် မကြာမီ ဖွင့်လှစ်နိုင်ရေး၊ အမျိုးသား မှတ်တမ်းများ
မော်ကွန်းတိုက်ဦးစီးဌာနသည် တန်ဖိုးမဖြတ်နိုင်သော သမိုင်း အထောက်အထား မှတ်တမ်းမော်ကွန်းများ ထိန်းသိမ်းထားသော ဌာနဖြစ်၍
အနာဂတ်တွင် ပြည်သူများ၊ ပညာရှင်များ၊ ဝန်ထမ်းများ မှ မှတ်တမ်းမှတ်ရာများ လိုအပ်ပါက
အသုံးပြုနိုင်ရေး တို့အတွက် ရည်မှန်းချက်ထားရှိ ဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ကြောင်း
သတင်းရရှိသည်။


No comments:
Post a Comment