မြန်မာနိုင်ငံ၏ ဆော့ဖ်ဝဲနည်း ပညာလုပ်ငန်း အဆောက်အအုံသည် တစ်နေ့ထက်တစ်နေ့ တိုးတက်လာသည်နှင့် အမျှလူငယ်များ အကြားတွင် ဘဝခရီးလမ်း၌ ခိုင်မာသေချာသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ရွေးချယ် လုပ်ကိုင်လျက် ရှိကြပေသည်။ မြန်မာနိုင်ငံ၏ ဆော့ဖ်ဝဲ နည်းပညာဆိုင်ရာ လုပ်ငန်းများ ယခုထက် ပိုမိုတိုးတက် ဖွံ့ဖြိုးစေရေး အတွက် နိုင်ငံတော်အပိုင်းက လိုအပ်သည့် အခြေခံ အဆောက်အအုံများကို ပံ့ပိုးပေးနေသည့်အပြင် လူငယ်များအကြား နည်းပညာဆိုင်ရာ အသိအမြင်များ တိုးတက်စေရေးအတွက် အိုင်တီဆိုင်ရာ နည်းပညာပြပွဲများနှင့် ဆွေးနွေးပွဲကို စဉ်ဆက်မပြတ် ကျင်းပ ပေးလျက်ရှိသည်။
အဆိုပါ ပြပွဲများအနက်Myanmar
Software Showcase 2015 အမည်ဖြင့် နည်းပညာပြပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ
မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပခဲ့ရာ နည်းပညာ တက္ကသိုလ်များ မှ
ကျောင်းသား ကျောင်းသူ ၄ဝဝ ဦး တက်ရောက်လေ့လာပြီး မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ကြသည်။
နည်းပညာပြပွဲ တက်ရောက်လာကြ သူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည် -
ဦးဇော်မင်းဦး
(အထွေထွေအတွင်း ရေးမှူး၊ မြန်မာနိုင်ငံ
ကွန်ပျူတာ အသင်းချုပ်)
Myanmar Software Showcase 2015 ပြုလုပ်ရတဲ့
အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ တိုင်းပြည် အတွင်းမှာရှိတဲ့ လူငယ် စွန့်ဦးတီထွင်သူတွေရဲ့
လုပ်နိုင်တဲ့ စွမ်းအားတွေကို ပြသမြေတောင် မြှောက်ပေးဖို့နဲ့ နိုင်ငံအတွင်းမှာ ရှိတဲ့
ပြည်တွင်း ဆော့ဖ်ဝဲ ကုမ္ပဏီတွေက ရေးသားထားတာတွေကို အစိုးရ ဝန်ကြီးဌာနတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့
ပြည်သူတွေကို အသိပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
ပြီးတော့ မြန်မာလူငယ်တွေလုပ်တဲ့ ဆော့ဖ်ဝဲတွေကို
အဓိက ပြသချင်တယ်။ ကျွန်တော်တို့မှာ အလွန်ကောင်းမွန်တဲ့ ICT Indu-stry အနာဂတ်ရှိပါတယ်။
သိပ် မကြာခင်ကာလ အတွင်းမှာ တိုင်းပြည်ရဲ့ ဝင်ငွေကို အထောက်အပံ့ ပေးနိုင်တဲ့
Industry ဖြစ်လာမှာပါ။
ဒါပေမယ့် ကျွန်တော်တို့မှာ လူရှားပါးတဲ့
အခက်အခဲကို ရင်ဆိုင်နေရတယ်။ ဒီ Industry ထဲက ကလေးတွေ ဟာ ကျောင်းပြီးတဲ့အခါ ဒီအလုပ်နဲ့ပြန်ပြီး
အသက်မမွေးကြဘူး။ သူတို့တွေကို ဒီ Industry ထဲမှာ နေစေချင်တယ်။ တခြားစိတ် ပါဝင်စားသူတွေကိုလည်း
Industry ထဲမှာ လာရောက် လုပ်ကိုင်စေချင်တယ်။
ဒီပွဲကိုစီစဉ်နေတာ တော်တော်ကြာပါပြီ။
ဒီပွဲကို နိုင်ငံတော်အဆင့် ကျင်းပမှာဖြစ်တဲ့အတွက် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့်
နည်းပညာဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ လေးလလောက်ကတည်းက စီစဉ်ဆောင်ရွက်ခဲ့တာပါ။
အခု ဒီလိုပြုလုပ်တဲ့အခါမှာလည်း နိုင်ငံအတွင်းမှာ ရှိတဲ့ Entrepreneur ပေါင်း ၄ဝ ပါဝင်ပါတယ်။
အခု ဒီနေ့ပြုလုပ်တဲ့ ဖွင့်ပွဲမှာလည်း ရည်ရွယ်ချက်တစ်ခုအနေနဲ့ Presentation ပေးချင်တဲ့အတွက်
စွန့်ဦးတီထွင် လူငယ်တစ်ယောက် ရေးထားတဲ့ စစ်သူကြီးဂိမ်းနဲ့ ဖွင့်လှစ်ပေးခဲ့တယ်။ တစ်ဖက်ကလည်း
လူငယ်တွေရဲ့ အနာဂတ်နဲ့ တိုင်းပြည်ကို တည်ဆောက်ရ မှာဖြစ်တဲ့အတွက် သူတို့ ကိုယ်တိုင်လုပ်ထားတဲ့
ဂိမ်းနဲ့ဖွင့်တယ်။ ပြီးတော့လည်း သူတို့ကို ဖော်ညွှန်းတဲ့ တေးသီချင်းလေး နဲ့ ဖျော်ဖြေပါတယ်။
ဒီပွဲမှာ ကျောင်းသား ကျောင်းသူတွေတက်ဖို့
နိုင်ငံတော်သမ္မတက စီစဉ်ပေးတာပါ။ ကျွန်တော့်အနေနဲ့ ကျောင်းသားတွေကို ဒီလိုလာပြီး လေ့လာစေဖို့က
ခက်ခဲတဲ့ကိစ္စပါ။ နိုင်ငံတော်က စီစဉ်ပေးပြီး တစ်တိုင်းပြည်လုံးက ကျောင်းသားတွေကို ဖိတ်ခိုင်းတာ ပါ။
‘ဒါပေမယ့် စာမေးပွဲရက်နဲ့ တိုက်တာတွေလည်းရှိတော့ အားလုံးတော့ မလာရောက်နိုင်ဘူး။
နောက်တစ်ကြိမ်မှာတော့ စာမေးပွဲတွေ လွတ်တဲ့အချိန်မှာ
တက္ကသိုလ်တွေအားလုံး ဖိတ်ကြား သွားမှာပါ။ ဒီလိုပွဲမျိုးကို တစ်နှစ် တစ်ခေါက်လောက် လုပ်နိုင်ဖို့
မျှော်မှန်းထားပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့လုပ်တဲ့ပွဲမှာ အဓိကကတော့ ဒီလူငယ်တွေကို
ကျွန်တော်တို့ ဘယ်လို တိုးတက်အောင်နဲ့ လူငယ်တွေ အနာဂတ်တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ
စွန့်ဦးတီထွင် စိတ်တွေကို မွေးထုတ်စေချင်တယ်။ ယုံကြည်မှုတွေလည်း ရှိလာစေချင်တယ်။
မအေးအေးမြင့်
(မဟာတန်း ကျောင်းသူ၊ မန္တလေးကွန်ပျူတာ
တက္ကသိုလ်)
ဒီနေ့ဖိုရမ်မှာ ခေါင်းစဉ်တွေ အများကြီးရှိပါတယ်။
ဒီအထဲကမှ ကိုယ်ကြိုက် တဲ့ခေါင်းစဉ်ကို ဆွေးနွေးနိုင်ပါတယ်။ ကျွန်မက ဖိုရမ်မှာ Game
Industry အကြောင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားပါတယ်။ ပြီးတော့ IT Carrier ရယ် Game
Developer ရယ်နဲ့ Mobile Health Care အကြောင်းတွေနဲ့ ပတ်သက်ပြီး seminar သုံးခုတက်ခဲ့ပါတယ်။
ဒီနေ့ဖိုရမ်က ကျွန်မတို့ ဗဟုသုတတွေ အများကြီးရပါတယ်။ ကိုယ်တက်နေတာ ဘာကြောင့် တက်ဖြစ်နေတာလဲဆိုတာရယ်
ပြီးတော့ ကိုယ့်အသက် မွေးဝမ်းကျောင်းနဲ့ ဆိုင်တာတွေ အများကြီးလေ့လာ သိရှိရပါတယ်။
Game Developer ကို လေ့လာခဲ့ပြီးတော့ အားလုံးကို ပျော်ရွှင်စေနိုင်တဲ့ Game တစ်ခုကို
ရေးခွင့်ရရင် ရေးချင်ပါတယ်။
မောင်ညိုဝင်းအောင်
(စွန့်ဦးတီထွင်လူငယ်တစ်ဦး)
ကျွန်တော် သင်တန်းကျောင်းတွေ တက်ချင်တယ်။
ဘယ်သင်တန်း တက်ရမလဲဆိုတာ အပြည့်အစုံ ဖော်ပြပေးတဲ့ Website ဆိုတာ ရှာလို့မရဘူး။ ကျွန်တော့်လိုပဲ
အခက်အခဲတွေ့မယ့်သူတွေ ရှိမှာပဲလို့ စဉ်းစားမိတာကနေ အခုလို ရေးဖြစ်ခဲ့တာပါ။ သင်တန်းတက်ဖို့
သာမကဘူး သင်တန်းတက်ပြီးရင် ဘယ်လိုအလုပ်အကိုင် ရနိုင်သေးလဲဆိုတာကို တစ်ခါတည်းတွဲပြီး
ဖော်ပြ ရင်ကောင်းမယ်လို့ အလုပ်ပါ တစ်ခါတည်း ထည့်လိုက်တယ်။ သင်တန်းတက်တဲ့သူက သင်တန်းပြီးရင်
ဘာအလုပ် အကိုင်ရမလဲဆိုတာကို တစ်ခါတည်း တွေ့ရမယ်။ အလုပ်ရှာချင်တဲ့သူကလည်း ဒီလို အလုပ်မျိုးရဖို့
ဘယ်သင်တန်းတွေ တက်ရမယ် ဆိုတာကို တစ်ခါတည်း တွေ့ရပါမယ်။ လောလောဆယ်တော့ Website ဝင်တဲ့
ဦးရေက ၇ဝဝ ကျော် သွားပါပြီ။
လောလောဆယ်မှာတော့ ကျွန်တော် အဓိကရည်ရွယ်တာက
လုပ်ငန်းခွင်ကိုသွားနိုင်မယ့် သင်တန်းမျိုးပေါ့။ ဥပမာ-ဘွဲ့ရပြီးတော့ Academic ဘွဲ့တော့
ရှိပြီ။ ဒါပေမယ့် လုပ်ငန်းအတွေ့အကြုံတော့ လိုသေးတယ်။ အတွေ့ အကြုံသင်ပေးတဲ့ သင်တန်းတွေ ရှာတာကို
အဓိက ထားပါတယ်။ နောက်ပိုင်းကျရင် တော့ နိုင်ငံတကာကျောင်းမှာ ဆက်လုပ်ဖို့တော့ ရှိတယ်။
ဒါပေ မယ့် လောလောဆယ်မှာတော့ ကျွန်တော်တို့ အဓိကက အလုပ်တန်းဝင်လို့ ရမယ့် သင်တန်းတွေကို
ဦးစားပေး ထားပါတယ်။
မနန့်သဇင်ဇော်
(မှော်ဘီနည်းပညာ တက္ကသိုလ်ကျောင်းသူ)
ကျောင်းက ဆရာမတွေကနေပြီးတော့ နေပြည်တော်မှာ
ဆော့ဖ်ဝဲ ပြပွဲရှိတယ်ဆိုတော့ စိတ်ဝင်စားလို့ လာခဲ့တယ်။ တပ်မတော်ခန်းမမှာ လုပ်တဲ့ ပွဲတွေကိုလည်း
သွားဘူးပါတယ်။ တချို့ ကိုယ်မသိတာတွေ နည်းနည်းပါးပါး သိလာတယ်။ နောက်ပြီး ခေတ်လည်း နောက်မကျဘူးပေါ့။
သူများနည်းတူ ရင်ပေါင်တန်းနိုင်တာပေါ့။ ဆော့ဝဲလ်အသစ် တွေ ကနေ တစ်ဆင့် သမီးတို့
Pro-ject မှာ ဘယ်လို ပေါင်းစပ်အသုံးပြုရမလဲဆိုတဲ့ အသိအမြင် ကျယ်စေပါတယ်။ ‘ဒါကြောင့်
အခုလို ပွဲမျိုးတွေကို များများ လုပ်စေချင်ပါတယ်။ ညီမတို့ သင်ကြားနေတဲ့ ဘာသာရပ်မှာ
ကွန်ပျူတာနဲ့ ပုံတွေ ဆွဲရတဲ့ Auto Card ဆော့ဖ်ဝဲကို အသုံးပြုရပါတယ်။ သုံးနေရင်း ပုံတွေ
အလွန်များသွားရင် မနိုင်တာ တို့ဘာတို့ရှိတယ်။ ကွန်ပျူတာတွေ ဆိုရင် ညီမတို့က အသစ်တွေ
အသစ်တွေ လေ့လာတယ်။
ဒေါ်အေးအေးသင်း
(အကြံပေး၊ MyanmarICT Development
Corporation Co., Ltd)
ပြပွဲမှာ အဓိကပြသထားတာက မြန်မာနိုင်ငံရဲ့
Digital Certificate တွေ ထုတ်ပေးတာကို ပြသခဲ့ပါတယ်။ Digital Certificate တွေကို Online
မှာ တစ်ယောက်နဲ့ တစ်ယောက် e-mail နဲ့ Message တွေပို့တဲ့အခါမှာ လုံခြုံစိတ်ချရအောင်
ဝန်ဆောင်မှုပေးတာပါ။ တကယ်လို့ အပြင်မှာရောက်နေချိန် အရေးကြီးတဲ့ စာရွက်စာတမ်းတွေမှာ
လက်မှတ် ရေးထိုးဖို့ လိုတဲ့အခါမှာလည်း အလွယ်တကူ Digital Singnature Sign ထိုးနိုင်အောင်
Certificate တွေကို ထုတ်ပေးတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံက Myanmar Pay- ment Union ဘဏ်အချင်းချင်းငွေပို့
ငွေယူ NPU Network မှာလည်း အသုံးပြုနေပါတယ်။ အဓိကအများ ဆုံးသုံးနေတာက ဘဏ်တွေကအစ သုံးတယ်။
ငွေပေးငွေယူ ကိစ္စတွေဆိုတော့ လုံခြုံရေး လိုအပ်တဲ့အတွက် အများဆုံး အသုံးပြုကြပါတယ်။
ဒါကြောင့် ဒီပွဲမှာ လူငယ်တွေအနေနဲ့ အွန်လိုင်း လုံခြုံမှုဆိုင်ရာ ဆော့ဖ်ဝဲတွေ ရင်းနှီးအကျွမ်းဝင်အောင်
မိတ်ဆက်ပြသပေးခြင်း ဖြစ်ပါတယ်။
မောင်ထက်အောင်
(မန္တလေး နည်းပညာတက္ကသိုလ်)
ကျွန်တော်က မန္တလေးနည်း ပညာတက္ကသိုလ်မှာ
ဗိသုကာပညာ အဓိကနဲ့ နောက်ဆုံးနှစ် တက်ရောက်နေပါတယ်။ အခုပြပွဲမှာ ကွန်ပျူတာ ဆော့ဝဲလ်မျိုးစုံကို
လေ့လာထိတွေ့ခွင့်ရတဲ့အပြင် ကွန်ပျူတာပရော် ဖက်ရှင်နယ် ပညာရှင်များရဲ့ နည်းပညာရပ်ဆိုင်ရာ
အတွေ့အကြုံ ဆွေးနွေးပွဲတွေကို တက်ရောက် နားထောင်ရလို့ အလွန်ဝမ်းသာပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တက်ရောက်နေတဲ့
ပညာရပ်ကို ကွန်ပျူတာဆော့ဖ်ဝဲရေးသား အသုံးပြုတဲ့အတွက် ဘယ်လောက်အကျိုး သက်ရောက်တယ်။ နိုင်ငံတကာမှာ
အသုံးပြုနေတဲ့ ကျွန်တော်တို့ ဘာသာရပ်ဆိုင်ရာ ဆော့ဖ်ဝဲ အကြောင်းတွေကို သိရှိ နားလည်ခဲ့ရပါတယ်။
အခုလိုပွဲမျိုးတွေ များများ ကျင်းပပေးစေချင်ပါတယ်။






No comments:
Post a Comment