နေပြည်တော် ဧပြီ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန် ကွန်ဂရက်ရှိ
လူနည်းစု ခေါင်းဆောင် အောက်လွှတ်တော်အမတ် မစ္စ နန်စီ ပီလိုစီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား
ယနေ့မွန်းလွဲ (၂)နာရီ တွင် နေပြည်တော် ရှိနိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌
လက်ခံ တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲ
မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး
လုံခြုံရေး၊လူအခွင့်အရေးနှင့် လွတ်လပ်ပြီး တရားမျှ တသောရွေးကောက်ပွဲကျင်းပနိုင်ရေး
တို့ကို နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
ကိုကို၊ ဦးရဲထွဋ်၊ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိ သူများတက်ရောက်ကြ ပြီး
အောက်လွှတ်တော်အမတ်ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ
အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချယ်လည်းတက်ရောက်သည်။
နိုင်ငံတော်သမ္မတအနေဖြင့် အမေရိကန်အောက်လွှတ်တော်အမတ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား
၎င်းတို့၏ အာရှ(၅)နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ သို့ရောက်ရှိစဉ် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment