နေပြည်တော် ဧပြီ ၁
မြန်မာနိုင်ငံဗိသုကာကောင်စီ၏
ပထမအကြိမ် အစည်းအဝေးကို မတ် (၃၁) ရက် နေ့လည်ပိုင်းတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌
ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်သည် အမှာစကားပြောကြားရာ၌ ဗိသုကာ ပညာရပ်သည်
လူနေမှုဘ၀တိုးမြှင့်မားမှု၊ လုံခြုံမှု၊ သက်တောင့်သက်သာ ရှိမှုနှင့် အသုံးပြုရန်လိုအပ်ချက်
ပြည့်စုံမှုသာမက
အမြင်တင့်တယ်မှု တို့ကို ဖန်တီးပေးနိုင်သည့် ပညာရပ်ဖြစ်သလို မြို့ကွက်
‘ဒီဇိုင်းရေးဆွဲခြင်း အပါအဝင် လူမှုဘ၀တစ်ခုလုံးတွင် ဗိသုကာသဘော သဘာဝသည် ကျယ်ကျယ် ပြန့်ပြန့်ပါဝင်နေပြီး
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူထောင်ရာတွင် အထူးအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေပါကြောင်း၊
နိုင်ငံတော်နှင့် အများပြည်သူတို့၏ လူနေမှု ပတ်ဝန်းကျင် အဆင့်အတန်းလုံခြုံမှု မြင့်မားရေး၊
ဗိသုကာပညာရှင်၊ ဗိသုကာဘွဲ့ရ နည်းပညာကျွမ်းကျင်သူနှင့် အရည်အသွေး အဆင့်အတန်း ထိန်းသိမ်းမြင့်မား လာရန်
အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ် ပါကြောင်း၊
ဒေသဆိုင်ရာ အပါအဝင် နိုင်ငံတကာပညာရှင် အဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ သုတေသနဆိုင်ရာ အဖွဲ့အစည်း များနှင့်
စနစ်တကျဦးဆောင်၍ ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဖြစ်ပါကြောင်း၊ ဥပဒေနည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ
မှတ်ပုံတင် လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မှတ်ပုံတင် စာရင်းပြုစုခြင်းနှင့် အဆိုပါစာရင်းများကို
အခါအားလျော်စွာ ထုတ်ပြန်ခြင်းတို့ကိုလည်း ပြုလုပ်ကြရမှာဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းများအတိုင်း
ဆက်လက်လေ့လာဆောင်ရွက်သွားရန် ဖြစ်ကြောင်း အကျယ်တဝင့်ပြောကြားသွားသည်။
ထို့နောက် အစည်းအဝေးသို့
တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ဗိသုကာကောင်စီဝင်များမှ ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ဗိသုကာကောင်စီ၏ လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် မည့်
လုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
မြန်မာနိုင်ငံ ဗိသုကာကောင်စီ၏ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ကောင်စီဝင်များနှင့်အတူ
အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။
ဆက်လက်၍ အစည်းအဝေး
ဒုတိယပိုင်းကို ကျင်းပပြုလုပ်ရာ ဗိသုကာကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၂) ဦး၊ အတွင်းရေးမှူး၊
တွဲဖက်အတွင်းရေးမှူး (၂) ဦးနှင့် ဘဏ္ဍာရေးမှူးတို့အပါအဝင် အလုပ်အမှုဆောင် (၁၅) ဦး တို့ကို
ရွေးချယ် တင်မြောက် ပေးခဲ့သည်။ ထို့နောက် ဗိသုကာကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍
ဆွေးနွေးကြကြောင်း သိရသည်။
No comments:
Post a Comment