Home

Sunday, March 29, 2015

မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် Langkawi International Maritime and Aerospace ပြပွဲမှ ပြန်လည်ရောက်ရှိ






ရန်ကုန် မတ် ၂၉
မြန်မာ့တပ်မတော် (ရေ)မှ စစ်ရေယာဉ် မဟာသီဟသူရသည် မလေးရှားနိုင်ငံရေတပ်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ လန်ကာဝီကျွန်း၌ မတ်၁၇ ရက်မှ ၂၁ ရက်ထိ ကျင်းပသည့် Langkawi  International    Maritime  and  Aerospace Exhibition 2015 (LIMA-2015) ပြပွဲသို့
တက်ရောက်ခဲ့ပြီး ယနေ့နံနက် (၉) နာရီခွဲတွင် အမှတ် (၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည်ရောက် ရှိလာရာ ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်မြင့်ဦးနှင့် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည် မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ် မဟာသီဟသူရသည် အပြန်ခရီးစဉ်တွင် မလေးရှားနိုင်ငံ၌ တရားမဝင်ရောက်ရှိနေသော မြန်မာ အလုပ်သမား ၁၀၂ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်လာခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment