Home

Sunday, March 29, 2015

ချင်းပြည်နယ် ရိဒ် ပြည်ထောင်စုရိပ်သာအား ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းနှင့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်း တက်ရောက်ဖွင့်လှစ်




ဟားခါး မတ် ၂၈
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့ရှိ ရိဒ် ပြည်ထောင်စုရိပ်သာ ဖွင့်ပွဲအခမ်းအနားကို မတ် ၂၈ ရက် နံနက် ၈ နာရီက အဆိုပါ ရိပ်သာရှေ့မင်္ဂလာမုခ်ဦးရှေ့၌ ကျင်းပရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဒေါ်သက်သက်ဇင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံ တိုင်းရင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ် ၀န်ကြီးချုပ်ဦးဟုန်းငိုင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာဒေါ်သက်သက်ဇင်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ရီနှင့် တင်ဝင်းထွန်း ကုမ္ပဏီမှ ဒါရိုက်တာ ဦးသိန်းဝင်းအောင်တို့က ရိဒ်ပြည်ထောင်စုရိပ်သာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ရိပ်သာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းကျောက် စာတိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပေးကြသည်။
ထို့နောက် ရိဒ်ပြည်ထောင်စုရိပ်သာနှင့် ပတ်သက်သော စာရွက်စာတမ်းများကို တင်ဝင်းထွန်း ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်သန့်ဇင်က ပေးအပ်ရာ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်အေးက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရိဒ်ပြည်ထောင်စုရိပ်သာအတွင်း လှည့်လည်ကြည့်ရှုကြကာ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ခဲ့ကြသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရိဒ်ခေါဒါရ်မြို့ တောင်တန်းသာသနာပြုကျောင်းသို့ ရောက်ရှိ ကြပြီး ဆရာတော်အား သာသနာပြုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းလျှောက်ထားကြကာ လှူဘွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment