ရန်ကုန် အောက်တိုဘာ
၁၀
နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့၌ ၁၃၇၆-၇၇ ခု ပညာသင်နှစ် သာသန တက္ကသီလ ဓမ္မာစရိယ(ပထမနှစ်) သင်တန်းသို့တက်ရောက်လိုသော အစိုးရ ပထမကြီးတန်း၊ စေတီယင်္ဂဏ စာသင်တန်း၊ သကျသီဟ စာသင် တန်းတစ်ခုခုအောင်မြင်ပြီးသော အသက်(၃၀)နှစ် သိက္ခာ(၁၀) ဝါအောက်ရှိ ရဟန်းသာမဏေများလျှောက် ထားနိုင်သည်။
ဝင်ခွင့်လျှောက်ထားသော ရဟန်းသာမဏေများသည် ကျောင်းဝင်ခွင့်စာမေးပွဲဖြေဆိုကြရမည်ဖြစ်၍ အစိုးရပ ထမကြီးတန်းနှင့်ညီမျှသော ဝိနည်း၊ အဘိဓမ္မာဘာသာရပ်နှင့် သာသနာရေးဆိုင်ရာ အထွေထွေ ဗဟုသုတ မေးခွန်းလွှာတစ်ခု၊ ပါဠိဘာသာရပ်နှင့် တက္ကသိုလ်ဝင်တန်းအဆင့်ရှိသော အင်္ဂလိပ်စာမေးခွန်း လွှာတစ်ခုတို့ကို (၁)ရက်စီ စုစုပေါင်း(၂)ရက် ဖြေဆိုကြရမည်ဖြစ်သည်။
ဝင်ခွင့်လျှောက်ထားလွှာများကို ၁၃၇၆ ခု သီတင်းကျွတ်လပြည့်ကျော်(၉)ရက်၊ ၂၀၁၄ ခုနှစ် အောက်တိုဘာ (၁၇)ရက် သောကြာနေ့မှစတင်၍ ထုတ်ပေးမည်ဖြစ်ပြီး ၁၃၇၆ ခု၊ တန်ဆောင်မုန်း လဆန်း(၁၃) ရက်၊ ၂၀၁၄ခုနှစ် နိုဝင်ဘာ(၄)ရက် အင်္ဂါနေ့ နောက်ဆုံးထား၍ လျှောက်လွှာပုံစံများကို သက်ဆိုင်ရာသာသနာ့ တက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးများတွင် တင်သွင်းနိုင်ပြီး အသေးစိတ်ကို နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းရုံး ဖုန်း ၀၁-၆၆၅၃၆၂၊ ၀၉-၄၃၁၂၅၈၂၃၊ ၀၉-၅၄၀၀၈၂၈၊ ၀၉-၂၅၀၀၃၇၈၉၉၊ အုပ်ချုပ်ရေးဗဟို အဖွဲ့ရုံး ဖုန်း ၀၁-၆၆၄၃၉၅၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းရုံး ဖုန်း ၀၂-၆၆၉၀၁ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိ သည်။
No comments:
Post a Comment