Home

Friday, October 10, 2014

မြန်မာ-စင်ကာပူဥပဒေရေးရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး




နေပြည်တော်  အောက်တိုဘာ  ၁၀
ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စင်ကာပူ သမ္မတနိုင်ငံ ဥပဒေ ရေးရာဝန်ကြီးဌာနတို့၏ မြန်မာ-စင်ကာပူ ဥပဒေရေးရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနား ကို ယနေ့နံနက်() နာရီခွဲတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ the  Hotel Royal ACE   ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က နှစ်နိုင်ငံစီးပွားရေးဥပဒေများ တူညီကြသောကြောင့် ၁၉၉၄ ခုနှစ်ကပင် စင်ကာပူနိုင်ငံရှေ့နေချုပ်ရုံးနှင့် အဆက်အသွယ်များရှိခဲ့ပြီး ဥပဒေရေးရာ ကိစ္စရပ်များ၌ အတူလက်တွဲ ၍ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု MoU လက်မှတ်ရေးထိုးခြင်းသည် နှစ်နိုင်ငံအကြား ဥပဒေရေးရာ၌ သမိုင်းမှတ်တိုင် သစ်တစ် ရပ်ပင်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပြီး စင်ကာပူနိုင်ငံ ဥပဒေရေးရာ ဒုတိယဝန်ကြီး Ms. Indranee  Rajah  က နှစ်နိုင်ငံ၏ဥပဒေစနစ်များတူညီကြသဖြင့် ယခင် နှစ်ပေါင်းများစွာကပင် မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန် အတွေ့အကြုံ ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း များရှိခဲ့ကြပါကြောင်း၊ ယခုလက်မှတ်ရေးထိုးသည့် MoU အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် ဥပဒေပညာမဟာဘွဲ့အတွက် စင်ကာပူအမျိုးသားတက္ကသိုလ်နှင့် စင်ကာပူစီမံခန့်ခွဲရေး တက္ကသိုလ်တို့၌ ပညာတော် သင်ဆုတက်ရောက်နိုင်ရေး၊ နှစ်တိုသင်တန်းများပေးရေး၊ ဥပဒေသုတေ သနပြုရေး၊ လုပ်ငန်းခွင်သင်တန်းများ
ပြုလုပ်ရေး၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပရေး အကူအညီများပေးရန်ရှိပါကြောင်း၊ နှစ်နိုင်ငံအတွက် ဒေသတွင်း တရားဥပဒေ စိုးမိုးရေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဥပဒေတို့တွင် အကောင်အထည်ဖော်ခြင်းဖြစ်ပါ ကြောင်းဖြင့် ပြောကြား ခဲ့သည်။
ထို့နောက် MoU ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် စင်ကာပူဥပဒေ ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Thian  Yee  Sze  တို့က လက်မှတ်ရေးထိုးကြပြီး အခမ်းအနား အပြီးတွင် လုပ်ငန်းအစည်းအဝေးကို ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။

No comments:

Post a Comment