ရန်ကုန်
အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် ကင်းမတီးကျေးရွာအုပ်စု မြိုင်ဟေဝန်ဆင်စခန်းရှိ ဆင်ဦးစီးများ၏ သားသမီးများပညာသင်ကြား ရေးအတွက် အခက်ကြုံတွေ့နေရ ကြောင်း၊ အဆိုပါဆင်စခန်းမှဆင်ဦးစီး ခေါင်း ဦးဝင်းကိုက ပြောကြားသည်။ မြိုင်ဟေဝန်ဆင်စခန်းတွင် သစ် ထုတ်လုပ်ရေးပိုင်သစ်ဆွဲဆင် ၂၂ ကောင်၊ ဆင်ဦးစီး ၂၀၊ ဆင်ခေါင်း ငါးဦး၊ ပဲ့ချိတ် လေးဦးရှိပြီး သစ်ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင် လျက်ရှိကာ မိသားစုဝင် ၁၅၀ နှင့် ကျောင်းနေအရွယ်ကလေး ၅၀ ရှိပြီး
၎င်းကလေးငယ်များအတွက် ပညာ ရေးနှင့်ပတ်သက်၍ ဆင်ဦးစီး ခေါင်းဆောင်က “ကျွန်တော်တို့ ကလေးတွေရဲ့ ပညာရေးအတွက် စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ တစ်တွေဟာ ဆင်နဲ့ တောထဲမှာနေပူ မရှောင်၊ မိုးရွာမရှောင် လုပ်ကိုင်နေ ရတယ်။ ကျွန်တော့်အဖေလည်း ဆင်ဦးစီးဖြစ်ခဲ့တယ်။ စာမတတ်ဘူး။ ကျွန်တော်လည်းဆင်ဦးစီးဖြစ်ခဲ့တယ်။ စာမတတ်ဘူး။ ကျွန်တော်တို့ကလေး တွေတော့ ဒီလိုမဖြစ်အောင် ပညာ သင်ကြားဖို့လိုအပ်နေတယ်။ အခု တော့ ဆင်ဦးစီးမိသားစုအားလုံး စာမတတ်ကြပါဘူး” ဟု ပြောသည်။
မြိုင်ဟေဝန်ဆင်စခန်းတွင် အစိုးရမူလတန်းကျောင်း တစ်ကျောင်းရရှိရေးအတွက် ဆင်ဦးစီးမိသားစုများက မျှော်လင့်လျက်ရှိသည်။ “မြိုင်ဟေဝန် ဆင်စခန်းက အစိုးရမူလတန်းကျောင်းရှိတဲ့ ကင်းမတီးကျေးရွာအုပ်စုနဲ့ သုံးမိုင်ကျော် ကွာဝေးတယ်၊ သွားရေးလာရေးကလည်း တောတောင်တွေ၊ ချောင်းတွေ နဲ့ဆိုတော့ ခက်ခဲတယ်။ အဓိကတော့ ဆင်အန္တရာယ် ကြောက်ရပါတယ်၊
ဒါကြောင့် မြိုင်ဟေဝန်ဆင်စခန်းမှာ အစိုးရကျောင်းလေး တစ်ကျောင်း ဖွင့်ပေးမယ်ဆိုရင် ကျွန်တော်တို့ သား သမီးတွေ စာတတ်ပြီပေါ့ဗျာ” ဟု လုပ်သက် နှစ် ၃၀ ခန့်ရှိ ဆင်ဦးစီး တစ်ယောက်က ပြောသည်။
မြိုင်ဟေဝန်ဆင်စခန်းသည် ကင်းမတီးနှင့် ကွာဝေးသည့်အတွက် ဆင် ဦးစီးမိသားစုကလေးတွေ ပညာ သင်ကြားရေး အတွက် ကျောင်းတစ်ကျောင်းရရှိရေး ကင်းမတီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းကသက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment