Home

Saturday, October 11, 2014

ဆူဇူကီးဖလား ခြေစစ်ပွဲဝင်ရန် မြန်မာအသင်းထွက်ခွာ



မန္တလေး  အောက်တိုဘာ  ၁၀
လာအိုနိုင်ငံတွင် ကျင်းပမည့် အာဆီယံဆူဇူကီးဖလား ခြေစစ်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ နေ့လယ်ပိုင်းက မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။ ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူ ဦးတင်အောင်၊ နည်းပြချုပ် အေဗရာမိုဗစ်၊ အသင်းအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ လက်ထောက်နည်းပြ -ဇီကိုဗစ်၊ ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြ-ဒီနို၊ မီဒီယာတာဝန်ခံ ဦးထွန်းထွန်း အောင်၊ ကစားသမားများအဖြစ်
ဂိုး-သီဟစည်သူ၊ ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးအောင်၊ နောက်တန်း- ခင်မောင်လွင်၊ ဝင်းမင်းထွဋ်၊ ဇော်မင်းထွန်း၊ နေမျိုးအောင်၊ ရဲဝင်းအောင်၊ အောင်ဇော်၊ စည်သူအောင်၊ အလယ်တန်း- ဒေးဗစ်ဒန်း၊ တင်ဝင်းအောင်၊ ရန်အောင်ကျော်၊ ကြည်လင်း၊ နန္ဒလင်းကျော်ချစ်၊ ချစ်စုမိုး၊ အောင်ကျော်နိုင်၊ မင်းမင်းသူ၊ ရှေ့တန်း-ကျော်ကိုကို၊ စိုးမင်းဦး နှင့် ရန်ပိုင်တို့ ပါဝင်ကြသည်။ ဆူဇူကီးဖလား ခြေစစ်ပွဲကို အောက်တိုဘာ ၁၂ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ လာအို၊ တီမော၊ ဘရူနိုင်း နှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ အသင်းမှာ ပွဲဦးထွက်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၄ ရက်တွင် တီမောအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

No comments:

Post a Comment