Home

Thursday, October 9, 2014

အသက် (၂၀)နှစ် အောက်ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းနှင့် အသန့်ရှင်းဆုံး ဆုရရှိသူများအား ဂုဏ်ပြုပွဲ ကျင်းပ

မကွေး၊ အောက်တိုဘာ၊ ၈
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ(၆)ရက်နေ့ နေ့လည် ၁၃၀၀နာရီ အချိန်တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၀)နှစ် အောက ဘောလုံး ပြိုင်ပွဲတွင် တံခွန်စိုက် ဒိုင်းနှင့် အသန့်ရှင်းဆုံးဆုရရှိခဲ့သည့် မကွေးတိုင်းဒေသကြီး ဘောလုံး အသင်းအား ဂုဏ်ပြုပွဲသို့ တက်ရောက် ချီးမြှင့် ခဲ့ပါသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ၊လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊  တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများအား မကွေးခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ ဘောလုံ အားကစား ကိုချစ်မြတ်နိုးသောပြည်သူများတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အောင်ပွဲရဘောလုံးအားကစားသမားများမှ တစ်ဦးချင်း မိတ်ဆက်ဂါရ၀ပြုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ မန္တလေးတိုင်းဒေသကြီးတွင်ကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၀)နှစ် အောက်ဘောလုံး ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းနှင့်အသန့်ရှင်းဆုံးဆု ရရှိခဲ့သည့် မကွေးတိုင်းဒေသကြီး ဘောလုံး အသင်းအား ချီးကျူးဂုဏ်ပြု အမှာစကား ပြောကြားရာတွင် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ ဖြစ်အောင်  ကြိုးစားရေး၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ ကိုယ်စားဂုဏ်ယူ ၀မ်းမြောက်ချီးကျူး မှတ်တမ်း တင်အပ်ပါကြောင်း အကျယ်တဝံ့ ပြောကြား သွားပါသည်။
၎င်းနောက် မကွေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူ(၁)ဦးမှ ဂုဏ်ပြု အမှာစကား ပြောကြားပြီးနောက် အသင်းအုပ်ချုပ်သူ ဦးအောင်ဆင့်မှ အားကစားပြိုင်ပွဲ အတွေ့ အကြုံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေအား တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၀)နှစ် အောက်ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်း၊ ဆင့်ပွားဒိုင်းနှင့်အသန့်ရှင်းဆုံးဆုတံဆိပ်များကို အသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများမှ ပေးအပ်ခဲ့ပါသည်။ ၄င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုချီးမြှင့် ငွေများအား ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ၊ အားကစားကိုချစ်မြတ်နိုးသောပြည်သူများမှ အသင်းတာဝန်ရှိသူများ၊ အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်၍ နေ့လည်စာဖြင့်တည်ခင်းဧည့်ခံကာ အခမ်းအနားအားရုပ်သိမ်းခဲ့ ပါသည်။
မန္တလေးမြို့တွင်ကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၀)နှစ် အောက်ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက် ဒိုင်းနှင့် အသန့်ရှင်းဆုံး ဆုရရှိခဲ့သည့် မကွေးတိုင်းဒေသကြီး ဘောလုံးအသင်းအား မကွေးမြို့ အဝင်မှစ၍ မကွေးမြို့ရှိ ပြည်သူများမှ ပန်းကုံးများ ချီးမြှင့်၍လည်းကောင်း၊ လမ်းဘေးဝဲ/ယာ တစ်လျှောက် တွင် ဝမ်းမြောက် ဝမ်းသာကြို ဆိုဂုဏ်ပြု ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။


No comments:

Post a Comment