ရန်ကုန် စက်တင်ဘာလ ၁၄
ယနေ့
နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီးရှိ စခန်းသာ ဧည့်ခန်းမတွင် ကိုရီးယားနိုင်ငံ မြန်မာဒေ၀ူး အင်တာနေရှင်နယ်ကော် ပိုရေးရှင်းမှ
Executive Vice President chief Regional Officer Mr.Chan Kun Han နှင့် Director
Mr.Jangbum Lee တို့သည် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဋ္ဌေးထံ
လာရောက်တွေ့ ဆုံပြီး မြန်မာဒေ၀ူးကုမ္ပဏီလီမိတက် (M.D.C.M)နှင့် ကိုရီးယားဆန်ချောင်းကုမ္ပဏီ
(SUN CHANG)တို့ အစုရှယ်ယာလွှဲပြောင်းရေးကိစ္စနှင့် အစုရှယ်ယာလွှဲပြောင်းပေးရာတွင် ပေးဆောင်ရမည့်
အခွန်အခများနှင့် တွေ့ကြုံ ရမည့် ကိစ္စရပ်များအား တင်ပြခြင်း၊ ကိုရီးယားနိုင်ငံမှ
EDCF ချေးငွေဖြင့် ၀ယ်ယူမည့် ရထားတွဲများအပေါ် ချေးငွေအလျှင်အမြန် ရရှိရေးဆက်လက်ဆောင်ရွက်မည့်
လုပ်ငန်းများနှင့် ကိုရီးယားနိုင်ငံ၏ ခေတ်မီရထားပို့ဆောင်ရေး မြန်နှုံးမြှင့် ရထားများ
ပြေးဆွဲဆောင်ရွက်နေမှု့များအား တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment