Home

Sunday, September 14, 2014

မြေကြီးများရောင်းချပေးမည်



နေပြည်တော်  စက်တင်ဘာ  ၁၄
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနပိုင် မန္တလေးတိုင်း ဒေသကြီး နတ်ရေကန်ငါး လုပ်ငန်းစခန်းအား နိုင်ငံတကာ အဆင့်မီနည်းပညာဖြင့် ငါးမွေးမြူထုတ်လုပ် နိုင်ရန်အတွက် ကန်များပြင် ဆင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ကန်တူးဖော်ခြင်းမှ ထွက်ရှိလာသော မြေကြီးများအား အခြားသော နေရာများတွင် မြေဖို့ခြင်း၊ အဆောက်အအုံများဆောက်လုပ်ခြင်းများ ဆောင်ရွက်ရန် ဝယ်ယူလိုခြင်း ရှိပါက ရောင်းချပေး သွားမည်ဖြစ်ပြီး မှာယူလိုသူများအတွက် ဖုန်း ၀၆၇-၄၀၈၀၅၉၊ ၀၆၇-၄၀၈၄၇၆၊ ၀၉-၂၀၀၀၄၄၂၊ ၀၉-၂၀၁၁၈၉၂ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။  

No comments:

Post a Comment