Home

Friday, September 12, 2014

အမြင့်ပေ (၁၉၂၉၆) ပေရှိ ခါကာဘိုရာဇီတောင်ထိပ်သို့ တက်ရောက်ခဲ့သည့် တောင်တက်သမား (၂) ဦးပျောက်ဆုံးလျက်ရှိ

မြစ်ကြီးနား စက်တင်ဘာ ၁၁
ကချင်ပြည်နယ် နောင်မွန်းမြို့နယ် ပန်နန်းဒင်မြို့နယ်ခွဲအတွင်း အမြင့်ပေ (၁၉၂၉၆) ပေရှိသော ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်ရန် တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း သဘာဝခေါ်သံဖောင်ဒေးရှင်းမှ ဦးအောင်မြင့်မြတ်ပါ (၈) ဦးသည် ဇူလိုင် (၃၁) ရက်နေ့ နံနက် (၇) နာရီခွဲတွင် ပူတာအိုမြို့မှ စတင်ထွက်ခွာလာပြီး စက်တင်ဘာ (၉) ရက်တွင် အဆိုပါတောင်တက်အဖွဲ့မှ နည်းစနစ်မှူးဦးဇော်ဇင်နိုင်က တောင်ထိပ်သို့ တက်ရောက်ခဲ့သူ  ဦးအောင်မြင့်မြတ်နှင့်ဦးဝေယံမင်းသူတို့ (၂) ဦးမှာ ဆက်သွယ်၍မရဘဲ ပျောက်ဆုံးနေကြောင်းကို အဖွဲ့ခေါင်းဆောင် ဦးမျိုးသန့်ထံ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါတောင်တက်အဖွဲ့တွင် မူလက (၉) ဦးတက်ရန် စီစဉ်ခဲ့သော်လည်း အဖွဲ့ခေါင်းဆောင် ဦးမျိုးသန့်မှာ ကျန်းမာရေး မကောင်းသဖြင့် ရန်ကုန်တွင် ကျန်ရစ်ခဲ့ပြီး ဦးအောင်မြင့်မြတ် (နည်းစနစ်မှူး)၊ ဦးဝေယံမင်းသူ၊ ဦးဇော်ဇင်နိုင်၊ ဦးမျိုးညွှန့်ဆန်း၊ ဦးဟန်လင်းထွန်း၊ ဦးကျော်ထွန်းနိုင်၊ ဦးမောင်မောင်ပြည့်စုံနှင့် ဦးဇေယျာထွန်းတို့ ပါဝင်သော (၈) ဦးအဖွဲ့က တက်ရောက်ရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။
ပျောက်ဆုံးနေသော ဦးအောင်မြင့်မြတ်နှင့် ဦးဝေယံမင်းတို့ (၂) ဦးမှာ ဒေသခံလမ်းပြဦးအန်းကောနှင့်အတူ တောင်ထိပ် သို့ တက်ရောက်ကြပြီး  ကျန်(၆)ဦးမှာ တောင်ခြေတွင် ကျန်နေခဲ့ကြောင်း၊ သြဂုတ် (၃၁) ရက်တွင် ၎င်းတို့ (၂) ဦး တောင်ပေါ်သို့ ရောက်ရှိကြောင်း ဆက်သွယ်မှုရရှိခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် အဆက်အသွယ်မရရှိတော့ ကြောင်း သိရှိရသည်။
အဆိုပါပျောက်ဆုံးနေသော တောင်တက်သမား (၂) ဦးအား ထူးကုမ္ပဏီပိုင် ဂျက်လေယာဉ်ဖြင့် လေယာဉ်မှူး အမေရိကန် နိုင်ငံသား Mr. Joday  Grant  Hill နှင့် တွဲဖက်လေယာဉ်မှူး Mr. Luis  Alfredo  Gutierrez တို့ပါဝင်သော (၁၆) ဦးအဖွဲ့သည်လည်းကောင်း၊ လေယာဉ်မှူးဦးရဲမြင့်နှင့် ဦးမြတ်ထွန်းလွင်တို့ မောင်းနှင်သော ရဟတ်ယာဉ် (၂) စင်း သည်လည်းကောင်း စက်တင်ဘာ (၁၀) ရက်တွင် ရန်ကုန်မြို့မှ ပူတာအိုမြို့သို့ ရောက်ရှိလာပြီး ပျောက်ဆုံးနေသူ(၂) ဦးအား ရှာဖွေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


No comments:

Post a Comment