ကသာ စက်တင်ဘာ ၁၁
ထီးချိုင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေး
သင်တန်းအမှတ်စဉ် (၂/၂၀၁၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၁)ရက် နံနက်(၁၀)နာရီက
ထီးချိုင့်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းအေးဆွေက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး
သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက
ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ (၆၆)ဦးတက်ရောက်ခဲ့ကြသည်။
ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို
သိရှိနားလည် စေရန် ဝန်ထမ်းများ၏ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ခေတ်စနစ်နှင့်အညီ
ပြုပြင်ပြောင်းလဲသင့်သည့် Mindset များအကြောင်းကို ဝန်ထမ်းများ သိရှိနားလည် သဘောပေါက်စေရန်
ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment