Home

Friday, September 12, 2014

၂၀၁၄-၂၀၁၅ ခုနှစ်၊ လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းမှလုပ်ငန်းခွင်ဝင်ရောက်မှု အကူး အပြောင်း ဆန်းစစ်ခြင်း စစ်တမ်းမေးခွန်းလွှာနှင့် ပတ်သက်သည့် နည်းပညာဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ကျင်းပ



၂၀၁၄ ခုနှစ် စက်တင်ဘာလ ၅
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန အနေဖြင့် ILO နှင့်ပူးပေါင်း၍ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် လုပ်သားအင်အား၊ ကလေး လုပ်သားနှင့် ကျောင်းမှလုပ်ငန်းခွင် ဝင်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်းစစ်တမ်းကို ကောက်ယူသွားမည်ဖြစ်ရာ စစ်တမ်းမေးခွန်းလွှာနှင့် ပတ်သက်သည့် နည်းပညာဆိုင်ရာညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို နေပြည်တော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် ၁၀:၁၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်နှင့် ILO မှ နည်းပညာအကြံပေးချုပ် Mr. Debi Prasad Mondal တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ILO မှ Regional Labour Statistician Mr. Tite Habiyakare နှင့် ILO Statistician Ms. Elisa Munoz Franco ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စစ်တမ်းကောက်ယူရေးနှင့် ဆက်စပ်ဌာနများဖြစ်ကြသည့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ရာ စစ်တမ်းမေးခွန်းလွှာပါ အချက် အလက်များဖြစ်သည့် အိမ်ထောင်စု ပေါင်းစပ်ဖွဲ့စည်းမှုနှင့် အိမ်ထောင်စုဝင်များ၏ အခြေခံ သွင်ပြင်လက္ခဏာများ၊ စာတတ်မြောက်မှုနှင့် ပညာအရည်အချင်း၊ အလုပ်အကိုင်ဆိုင်ရာ အခြေ အနေများစသည့် စစ်တမ်းကောက်ယူရေးဆိုင်ရာ အချက်အလက်များအပေါ် နည်းပညာပိုင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment