Home

Tuesday, August 26, 2014

အရာတော်မြို့နယ်၊ ငှက်ပျောခြံကျေးရွာမှ ပြည်သူများ မိုးပွင့်အဆင့်(၆)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ရရှိ

မုံရွာ ဩဂုတ်(၂၆)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ငှက်ပျောခြံကျေးရွာတွင် မိုးပွင့်အဆင့်(၆)ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ (၂၄)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ငှက်ပျောခြံ ကျေးရွာ စာသင်ကျောင်းတွင် ကျင်းပရာ
တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့် တက်ရောက်အားပေးခဲ့သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောဦးထွန်း၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးစိုးမြင့်နှင့် ဝန်ထမ်း များ၊ ဒေသခံပြည်သူ အင်အား(၄၀၀)ကျော် တက်ရောက်ခဲ့သည်။
တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်မှ မိုးပွင့် အဆင့်(၆) နှင့်ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ငှက်ပျောခြံကျေးရွာမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား များကို အခမဲ့ပေးအပ်ခဲ့သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည့် ကုန်ကျစရိတ်အား မုံရွာမြို့ စိန်နဂါး နာရီ အရောင်းပြခန်း နှင့် Service Center ပိုင်ရှင် ဦးအောင်မျိုးဟိန်းနှင့် ဇနီး ဒေါ်မိမိဇင်(မိသားစု)မှပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment