Home

Tuesday, August 26, 2014

ညောင်ဦးတွင် မိုးပွင့် အဆင့် (၆) စီမံချက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ညောင်ဦး ဩဂုတ် ၂၆
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန မြို့နယ် ဦးစီး ဌာနမှူးရုံးမှ လဝကမှူး ဦးအောင်ကျော်ခိုင်နှင့် ဝန်ထမ်းများက ပုဂံမြို့အခြေခံပညာအထက်တန်းကျောင်းမှ အသက် (၁၀)နှစ်ပြည့် ပြီးသူ ကျောင်းသားကျောင်းသူ (၃၉၀)ဦးအား မိုးပွင့်အဆင့် (၆)စီမံချက်ဖြင့် နိုင်ငံသား စီစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါနိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment