ရန်ကုန် ဩဂုတ် ၂၄
ယာဉ်စီးခ ပိုမို ကောက်ခံနေသော ယာဉ်များကို
ခရီးသည်အသွင် စီးနင်း လိုက်ပါကာ အထူးအဖွဲ့ ၁၆ ဖွဲ့မှ လမ်းကြောင်းကြီး ရှစ်သွယ်တွင်
စစ်ဆေး နေပြီဖြစ်ကြောင်းနှင့် ယာဉ်နောက်လိုက်များ သာမက ခရီးသည်တင် ယာဉ်လိုင်း များတွင်
စီးနင်း လိုက်ပါသော ခရီးသည်များကိုပါ ခရီးသည်အသွင်ဟန်ဆောင်ကာ မေးမြန်းမှုများ ပြုလုပ်နေပြီ
ဖြစ်ကြောင်း မထသ (ဗဟို)မှ သိရသည်။
မထသ(ဗဟို)မှ ဌာနခွဲမှူး ဦးကာကျော်(စည်းကမ်းထိန်းသိမ်းရေးဌာန)
က “အထူးအဖွဲ့ ၁၆ ဖွဲ့နဲ့ ယာဉ်ပေါ်တက်ပြီး စစ်ဆေးနေပါတယ်။ ဩဂုတ် ၁၉ ရက်ကဆိုရင် ယာဉ်တစ်စီးပေါ်တက်စစ်တဲ့အခါမှာ
ခရီးသည်ကိုယ်တိုင်က ယာဉ်နောက် လိုက် အပေါ်မှာ အားနာပြီးမပြောပါဘူး၊ ဒါနဲ့ကျွန်တော်တို့က
ခရီးသည် အသွင်ပုံစံပြောင်းပြီး ခရီးသည်တွေကိုမေးတယ်၊ ဘယ်က တက်စီးတာလဲ၊ ဘယ်အထိစီးမှာလဲလို့မေးတော့
အမှုတွေ တွေ့ရတော့တာပဲ။ မနေ့က တစ်ရက်တည်း ကျောက်တန်းက ယာဉ်လိုင်းအပါအဝင် နေရာအစုံ တက်စစ်တာ
ယာဉ်စီးခပိုတောင်းတဲ့ အမှုပေါင်း ၂၃ မှုတွေ့ခဲ့ပါတယ်၊ ကျွန်တော်တို့ ခုတတ်နိုင်သလောက်
စစ်ဆေးဆောင်ရွက်နေပါပြီ၊ နောက်ပိုင်း အဲဒီလိုပဲ စစ်ဆေးဆောင်ရွက်တော့မှာပါ” ဟု ပြောခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ် ၁ ရက်မှ ၁၉ ရက်အထိ
တိုင်ကြားသော အမှုစုစုပေါင်း ၈၄ မှု ရှိကြောင်း သိရသည်။ ထို့အပြင် မထသ(ဗဟို)၏ အီးမေးလ်လိပ်စာဖြစ်
သော mhtcentral @gmail.com သို့ ခရီးသည်များ တိုင်ကြားသော တိုင်ကြားစာမှာ ယနေ့အချိန်ထိ
တစ်စောင်သာရောက်ရှိသေးကြောင်းနှင့် ဖုန်းဖြင့်သာမက အဆိုပါ အီးမေးလ်သို့လည်း ခရီးသည်များက
ဆက်သွယ် တိုင်ကြားပေးပို့နိုင်ကြကြောင်းဖြင့် မထသ(ဗဟို)မှ သိရသည်။
No comments:
Post a Comment