Home

Monday, August 25, 2014

စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ



မိုင်းဆတ် ဩဂုတ် ၂၄
ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင် စတုံးအုပ်စု မယ်ကြုတ်နယ်မြေအတွင်း နယ်မြေခံတပ်ရင်းနှင့် မူးယစ် တပ်ဖွဲ့ဝင်များ ပါဝင်သော
 


ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၂၃ ရက်က နယ်မြေရှင်းလင်းစဉ် တောင်စောင်းတွင် မြေကျင်းတူး၍ မြှုပ်ထားသော စိတ်ကြွဆေးပြား ၁၀၅၆၀၀ နှင့် ကဖင်း ၄၆ ကီလို (ကာလတန်ဖိုး ၂၆၇၄ ဒသမ ၅သိန်းခန့်) ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိပြီး အမှုနှင့် ဆက်စပ် လျက်ရှိသော တရားခံများအား စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန်အတွက် မိုင်းတွမ်းရဲစခန်းက မယ(ပ)၁၅/၂၀၁၄ မူး/စိတ် ပုဒ်မ ၁၉(က)/၁၆ (ခ)အရ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

No comments:

Post a Comment