Home

Thursday, August 28, 2014

ထိခိုက်ပျက်စီး လယ်ယာမြေများအတွက် ထောက်ပံ့ငွေပေးအပ်

ညောင်လေးပင် ဩဂုတ် ၂၇
ညောင်လေးပင်မြို့နယ် ရပ်ကွက်၊ ကျေးရွာများအတွင်းရေလွှမ်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေ များအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီပံ့ပိုးသော ကျေးရွာ အရောက်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၂၆ ရက် မွန်းလွဲ ၁ နာရီက ညောင်လေးပင် မြို့နယ် ရေဖြူကန်ကျေးရွာ၌ ကျင်းပသည်။ ဆက်လက်၍မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံနှင့်
ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးသိန်းနိုင်နှင့် တာဝန်ရှိသူများက ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တောင်သူများထံသို့ ထောက်ပံ့ကြေးငွေ များပေးအပ်သည်။
ယမန်နေ့ ထောက်ပံ့ငွေပေးအပ်ခြင်းသည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ နယ်အတွင်း ဩဂုတ် ၁ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်ခြင်းကြောင့် လယ်မြေဧကများရေလွှမ်းပြီး ရေကြီးနစ်မြုပ်၍ ထိခိုက် ပျက်စီးခဲ့သောကျေးရွာ၂၇ ရွာမှ ထိ ခိုက်လယ်မြေ ၅၀၂၉ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၆၀၀၀ဖြင့် ငွေကျပ် ၃၀၁၇၄၀၀၀၊ ပျက်စီးလယ် မြေဧက ၅၄၉၇အတွက် တစ်ဧကလျှင်ငွေကျပ် ၁၂၀၀၀ဖြင့် ခြောက်ရာငါးဆယ့်ကိုး သိန်းခြောက် သောင်းလေးထောင် စုစုပေါင်းငွေကျပ် ကိုးရာခြောက်ဆယ့် တစ်သိန်းသုံးသောင်းကို တောင်သူ များထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တောင်သူတစ်ဦးကလည်း
"ယခုလို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျေးရွာအလိုက် ထိခိုက်ပျက်စီး ခဲ့သော လယ်ယာမြေများအတွက် ထောက်ပံ့ကြေးငွေများကို ကျွန်တော်တို့ဆီ ရောက်အောင် လာရောက်ပေးသဖြင့် ရေကြီးခြင်းကြောင့် နစ်နာခဲ့ရ သော ကာလတွင် ထောက်ပံ့ငွေရရှိသည့်အတွက် အလွန်ဝမ်းသာမိပါ ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများကို ကျေးဇူးတင်ရှိပါတယ်" ဟုပြောကြားခဲ့သည်။

No comments:

Post a Comment