Home

Thursday, August 28, 2014

အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ယှဉ်ပြိုင်ရန် ပြည်ပထွက်ခွာ

ရန်ကုန် ဩဂုတ် ၂၇
တရုတ်နိုင်ငံ မကာအိုတွင် ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမည့် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ကွန်ဂရက်အစည်းအဝေး တက်ရောက်ရန်နှင့် (၄၈) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီ ခေါင်းဆောင်သော အတွင်းရေးမှူး ဦးကျော်သန်း (အုပ်ချုပ်သူ)၊ အမှုဆောင်ဒေါ်ရီရီဝင်း(ဒိုင်)၊ ဦးအောင်နိုင်(နည်းပြ)၊ အားကစားသမားများ ဖြစ်ကြသည့် အောင်ခိုင်ဝင်း၊ ထွန်းမင်း၊ အေးအေးစိုးတို့ပါဝင်သော အဖွဲ့ဝင်များသည် ဩဂုတ် ၂၆ ရက် နံနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ အဖွဲ့ချုပ်အမှုဆောင်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment