Home

Sunday, October 19, 2025

မြန်မာနိုင်ငံတွင် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့ ပြန်လည်ထွက်ခွာ



ရန်ကုန် အောက်တိုဘာ ၁၈

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘယ်လာရုစ်တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr. Vladimir Sukolinsky ဦးဆောင်သည့် အဖွဲ့ဝင်လေးဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘယ်လာရုစ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

အဆိုပါအဖွဲ့ ပြန်လည်မထွက်ခွာမီ လေဆိပ်ဧည့်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander Osdrovskiy တို့က ဓာတ်ပုံမှတ်တမ်း Album၊ မှတ်တမ်းVideo DVD နှင့် အမှတ် တရ လက်ဆောင်ပစ္စည်းတို့ကို ပေးအပ်ကြသည်။

အဆိုပါ အနုပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း မန္တလေး၊ ပြင်ဦးလွင်၊ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အပတ်စဉ် တင်ဆက်လျက်ရှိသည့် Friday Night Live Show အစီအစဉ်တွင်လည်း ရုရှားသံရုံးမှ အနုပညာရှင်များနှင့်အတူ ပါဝင်ဖျော်ဖြေခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment