Home

Monday, September 22, 2025

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး



နေပြည်တော် စက်တင်ဘာ ၂၁

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မန္တလေးတက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဖွင့်ပွဲအခမ်းအနားကျင်းပမည့် နေရာများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ပြခန်းများ ခင်းကျင်းပြသရန် စီစဉ်ထားရှိ မှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

အကြံပြုဆွေးနွေး

ထို့နောက် အစည်းအဝေးခန်းမ၌ အခမ်းအနားကျင်းပရေးကော်မတီများနှင့် တွေ့ဆုံပြီး မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် သီချင်းတင်ဆက်မှု၊ အကအလှများဖြင့် ဖျော်ဖြေမှု၊ မန္တလေးတက္ကသိုလ် သမိုင်းမော်ကွန်းဗီဒီယိုတည်းဖြတ်မှုဆိုင်ရာများကို အကြံပြုဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment