Home

Saturday, October 16, 2021

ပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးနှင့်အဖွဲ့ ရုရှားအစိုးရပိုင် ZARUBEZHNEFT JSC မှ တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများနှင့်တွေ့ဆုံ







နေပြည်တော် အောက်တိုဘာ ၁၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ  မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည်  အောက်တိုဘာ ၁၅ ရက်  ဒေသ စံတော်ချိန် နံနက် ၁၀ နာရီတွင် ရုရှားအစိုးရပိုင် ZARUBEZHNEFT JSC မှ တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍ ကုန်းတွင်း/ ကမ်းလွန်လုပ်ကွက်များကို ရှာဖွေတူးဖော် ထုတ်လုပ် နိုင်ရေး၊ အစိုးရအချင်းချင်းတိုက်ရိုက် ညှိနှိုင်းဆောင်ရွက်နိုင်ရေး အစီအစဉ်များနှင့် ပတ်သက်၍ ချမှတ်ဆောင်ရွက်နိုင်ရန် Working Groups များဖြင့် ပိုမိုနီးကပ်စွာ ဆောင် ရွက်နိုင်ရေးတို့ကို ဆွေးနွေးသည်။   

 ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr.Vasily Viktrovich Shpak နှင့် အဖွဲ့အားတွေ့ဆုံ၍ ရေနံ၊သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် ထုတ်လုပ် မှုဆိုင်ရာကိစ္စရပ်များ၊ မိမိတို့နိုင်ငံရှိ အင်ဂျင်နီယာများအတွက် မွမ်းမံသင်တန်း ပေးနိုင်ရေး ကိစ္စရပ် များ၊ သဘာဝပတ်ဝန်းကျင်နှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာအသုံးပြုရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

 

No comments:

Post a Comment