Home

Monday, October 18, 2021

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုအားကြည့်ရှုအားပေး

 







 

ဘားအံ အောက်တိုဘာ ၁၈

 

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား၊ကျောင်းသူများ အား သတ်မှတ်စုရပ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac) ထိုးနှံပေးနေ မှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ Volunteers စေတနာ့ဝန်ထမ်းများပူးပေါင်း၍ အသက်(၁၂)နှင့်အထက် အလယ်တန်း နှင့်အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု၊ ကာကွယ်ဆေး မထိုးမီစာရင်းရေးသွင်းခြင်း၊ မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် မိနစ်(၃၀)ကြာစောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာ စေခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

ထိုသို့သွားရောက်ကြည့်ရှုအားပေးရာတွင် ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဘားအံမြို့နယ်ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများက ဘားအံမြို့နယ်တွင် ကာကွယ်ဆေးထိုးစုရပ်(၁၁)နေရာ၌ ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိပြီး  ကျောင်းသား၊ကျောင်းသူများ အဆင်ပြေလွယ်ကူချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ် ဆောင်ရွက်ထားမှုများအားရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြား ခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ဘားအံမြို့၊အမှတ်(၇)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကာကွယ်ဆေးထိုးနှံရန်စောင့်ဆိုင်းနေကြသည့် ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး ကျောင်းသား၊ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်းမဆုံးရှုံးစေရေးအတွက်   အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည့်အခြေအနေ၊ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့၏ စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် မိဘ၊ ဆရာနှင့် အဘက်ဘက်မှဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေ များကို ရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များအား လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ လှာက‌ဒေါင်ကျေးရွာမှ ရဲသာကျေးရွာသို့ ဇွဲကပင်တောင် နှင့် ကြာအင်းတောင်ကြား မြို့ရှောင်လမ်း ဖောက်လုပ်နေမှုအခြေအနေ၊ အောက်ခံမြေသားလုပ်ငန်း ဆောင်ရွက်နေမှု နှင့်ရေထုတ်ပြွန်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြည်နယ် ဘောလုံးဆပ်ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံဘောလုံးသင်တန်းဆင်းပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မိုးလုံလေလုံပြည်နယ်အားကစားရုံ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်း ဆင်းအမှာစကားပြောကြားပြီး ဘားအံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား ၅၀ ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဘောလုံးအခြေခံအားကစားနည်းများ သင်ကြားပြသပေးခဲ့ကြသည့် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိသည်။

 

စောမျိုးမင်းသိန်း

https://t.me/iprdrnd/12820

Subscribe to Myanmar Newspaper

https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar

https://t.me/gnlmon

Subscribe to MOI

https://t.me/iprdrnd                                                

No comments:

Post a Comment