Home

Tuesday, October 19, 2021

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်

 


ရန်ကုန် အောက်တိုဘာ ၁၉

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ အကြို(အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်ပွဲကို ယနေ့ညပိုင်းတွင် ရွှေတိဂုံစေတီတော် ရင်ပြင်၌ ကျင်းပသည်။

 






 

ဆီမီးပူဇော်ပွဲတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံးဝန်ထမ်း များက အများပြည်သူများ လှူဒါန်းထားသည့် ဆီမီး ၁၁၀၀၀ ကို ရွှေတိဂုံစေတီတော် ရင်ပြင် ပတ်ပတ်လည်ရှိ ဆီမီးခုံများ၌ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။

သတင်း၊ ဓာတ်ပုံ-ဇော်မင်းလတ်(MNA)

No comments:

Post a Comment