Home

Friday, October 15, 2021

သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အစီအစဉ်

 


၂၀၂၁ခုနှစ်၊ အောက်တိုဘာလ  ၁၅  ရက်

၁။        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံး ဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ၂၂.၉.၂၀၂၁ ရက်နေ့မှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် (၆၀)ဆိုင်တွင် 92Ron (၁၈,၂၀၂,၂၁၄) လီတာ၊ ဒီဇယ် (၁၁,၀၀၉,၀၅၀) လီတာနှင့် Premium  ဒီဇယ် (၁၆,၈၃၂,၅၄၇) လီတာတို့ ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်ပါသည်။

၂။         တိုင်းဒေသကြီး/ပြည်နယ်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင် လိပ်စာများအား ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၃။        စားသုံးသူပြည်သူများအနေဖြင့် စက်သုံးဆီများကို တိုင်းဒေသကြီး/ပြည်နယ် အလိုက် သတ်မှတ် စက်သုံးဆီ အရောင်းဆိုင်များတွင် ဖော်ပြပါဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းဖုန်း ၀၉-၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။












 

No comments:

Post a Comment