Home

Thursday, September 19, 2019

ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Saurabh Kumar နှင့်တွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Saurabh Kumar နှင့် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သဘာဝဘေးဒဏ်ခံ အဆောက် အအုံဆိုင်ရာ မိတ်ဖက်ဆောင်ရွက်ရေး (Coalition for Disaster Resilient Infrastructure - CDRI) အဖွဲ့အစည်း တည်ထောင်နိုင်ရန် အဖွဲ့ဝင်များ သတ်မှတ် နိုင်ရေး၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ CDRI အကောင်အထည်ဖော် လည်ပတ်နိုင်ရေးအတွက် Secretariat Fund၊ Trust Fund တည်ထောင်နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ သဘာဝတောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးနှင့် တရားမဝင်သစ် ကူးသန်းရောင်းဝယ်မှု တားဆီးခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment