Home

Friday, September 20, 2019

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တွင် GHG Emissions လျှော့ချရေး Online Webinar Course သင်တန်းဖွင့်လှစ်



နေပြည်တော် စက်တင်ဘာ ၁၉

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်း ပညာ တက္ကသိုလ်နှင့် Shanghai Maritime University မှ ကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ Ship Energy Efficiency and Greenhouse Gases (GHG) Emissions လျှော့ချပေးနိုင်ရေးအတွက် ပြုလုပ်သည့် Online Webinar Course သင်တန်းဖွင့်ပွဲအား ယနေ့မွန်းလွဲ ၂ နာရီတွင် တက္ကသိုလ်ပင်မဆောင်ရှိ MTCC Asia Branch Office တွင် ကျင်းပသည်။


အခမ်းအနားတွင် ပါမောက္ခချုပ်နှင့် Shanghai Maritime University ၏ တာဝန်ရှိသူများက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Online Webinar Course သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား သင်တန်းသူများအား Shanghai Maritime University မှ ၎င်းတို့ဆောင်ရွက်ထားရှိသော သုတေသနကိစ္စရပ်များ ၊ အသစ်တည်ဆောက်မည့် သင်္ဘောများအတွက် လိုအပ်ချက်ဖြစ်သော Energy Efficiency Design Index ( EEDI ) ၊ IMO၏ မျှော်မှန်းချက်ဖြစ်သော ပတ်ဝန်းကျင်လေထု၊ ရေထုဆိုင်ရာ ညစ်ညမ်းမှုလျှော့ချရေး NOx ၊ SOx Reduction ကိစ္စရပ်များအား Video Conferencing စနစ်ဖြင့် ပို့ချပေးခဲ့ပြီး အဆိုပါသင်တန်းအား နှစ်ပတ်လျှင် တစ်ကြိမ်ခန့်ဖြင့် နှစ်လတိတိ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်သည်။ သင်တန်းသို့ မြန်မာနိုင်ငံရေ ကြောင်းပညာ တက္ကသိုလ်မှ သင်တန်းသား သင်တန်းသူ ၁၂ ဦးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိဌာနများနှင့် ပုဂ္ဂလိကရေကြောင်းဘက် ဆိုင်ရာ သင်တန်းဌာနများမှ သင်တန်းသား သင်တန်းသူ ၁၃ ဦး စုစုပေါင်း၂၅ ဦးတို့ တက်ရောက် ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment