Home

Saturday, September 21, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်


နေပြည်တော် စက်တင်ဘာ၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ ရွှေစည်းခုံစေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော် ကြည်ညိုပြီး အလှူငွေများ လှူဒါန်း၍ အရှေ့ လေးထပ်စာသင်တိုက်ရှိ ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာမြို့ မြို့တော်ခန်းမ၌ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို သာတူညီမျှ ခံစား ရရှိရေးအတွက် ကြိုးစားဖော်ဆောင် ပေးလျက်ရှိကြောင်း၊ လူမှုရေး ပင်စင်ထောက်ပံ့မှုများကို တစ်နိုင်ငံလုံး လွှမ်းခြုံမှုဖြင့် ထောက်ပံ့ပေး လျက်ရှိကြောင်း၊ မသန် စွမ်းသူများအား ကနဦးထောက်ပံ့ခြင်းကိုလည်း တစ်နိုင်ငံလုံးလွှမ်းခြုံမှု ရရှိစေရန် ထောက်ပံ့ပေး လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ အစိုးရမဟုတ် သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ လူမှုအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့မှု နည်းလမ်းအပြင် ဘဝရပ်တည်မှု တိုးတက်စေရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုး တက်ပြီး စွမ်းနိုင်သမျှ စွမ်းအောင် လေ့ကျင့်သင်ကြား ပံ့ပိုးမှုများကို ဆောင်ရွက်ပေးနိုင်ရန် ဥပေဒပြဌာန်းခြင်း၊ အမျိုးသားအဆင့်မဟာ ဗျူဟာများချမှတ်ခြင်း၊ အမျိုးသားကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်အဆင့် လုပ်ငန်းကော်မတီများဖွဲ့စည်း၍ အကောင်အထည်ဖော် လျက်ရှိကြောင်း။
မသန်စွမ်းဖြစ်မှုကိုလျော့နည်းအောင် ကြိုတင်ကာကွယ်သည့် နည်းလမ်း များလည်း ရှိကြောင်း၊ အသက် (၃)နှစ်အရွယ်အတွင်း ကလေး သူငယ် များ၏ ဦးနှောက် ဖွံ့ဖြိုးမှု နှင့် ကိုယ်ခန္ဓာ ပုံမှန်ကြီး ထွားမှု ကိုမိဘများ၊ မိသားစုဝင်များ၊ ကလေးငယ်များအား ပြုစုစောင့်ရှောက် ပေးသူများ ကိုယ်တိုင် က စောင့်ကြည့်မှတ်သားကာ ပုံမှန် မဟုတ်သည့် အခြေအနေ များကို သိရှိပါက ဆောလျင်စွာ ကုသမှု လေ့ကျင့်မှုခံယူ စေနိုင်မည်ဖြစ် ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ကဏ္ဍ၊ လူငယ်ကဏ္ဍ၊ အမျိုး သမီးကဏ္ဍ၊ သက်ကြီးရွယ်အိုကဏ္ဍစသည်ဖြင့် ကျယ်ပြန့်သောကြောင့် ပြည်သူများ၊ အဖွဲ့အစည်း များက အားလုံးပူးပေါင်းကူညီကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် မသန်စွမ်းသူများ အား ထောက်ပံ့ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မသန်စွမ်းသူ (၃,၂၃၀)ဦး အတွက် တစ်ဦးလျှင်ငွေ ကျပ်(၃၀,၀၀၀)နှုန်းဖြင့် ငွေကျပ်(၉၆ ဒသမ ၉) သန်းကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက် လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ ငွေများကို လက်ဝယ် အရောက် ပေးအပ်ခဲ့သည်။ (၂၀၁၈ - ၂၀၁၉) ဘဏ္ဍာနှစ်အတွက် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း(၃၇) မြို့နယ်မှ မသန် စွမ်းသူ (၁၀၉၃၄)ဦးအတွက် စုစုပေါင်းငွေကျပ်(၃၂၈)သန်း ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုထောက်ပံ့မှုသည် ထပ်မံကောက်ယူ ရရှိသော ထပ်တိုးစာရင်းများ အရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ရှေးဦးအရွယ် ကလေး သူငယ်ပြုစု စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်းသို့ ရောက်ရှိပြီး သင်ခန်းစာများ သင်ကြားနေမှု ကို လေ့လာကြည့်ရှု၍ သင်တန်းသူများ အား တွေ့ဆုံအမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)

No comments:

Post a Comment