Home

Friday, September 20, 2019

ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု



နေပြည်တော် စက်တင်ဘာ ၁၉

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးမြင့်ဝေ၊ ဂွမဲဆန္ဒနယ်၏ မိတ်ဆွေလေးဦး၊ ဦးသောင်းထွန်း(ခ) ဦးငြိမ်းသစ်၊ မဟာအောင် မြေမဲဆန္ဒနယ်၏ မိတ်ဆွေ ရှစ်ဦး၊ ဦးမျိုးဇော်ဦး၊
လယ်ဝေးမဲဆန္ဒနယ်၏မိတ်ဆွေ ၄၀၊ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ပြည်မဲဆန္ဒနယ်၏ အမျိုးသမီးလုပ်ငန်း ကော်မတီနှင့် ပါတီဝင်များ ၄၂ ဦးနှင့် ဦးမျိုးနိုင်၊ ချမ်းအေးသာစံ မဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်သည့် စံသရဖူ ကိုယ်ပိုင်အထက် တန်းကျောင်းမှ အုပ်ချုပ်သူ ဦးနေမင်းခန့် ဦးဆောင် သည့်ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ ၁၁၄ ဦး စုစုပေါင်း ၂၀၈ ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန်းနိုင်နိုင်ရှိန် ဦးဆောင်သည့် အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများ စုစုပေါင်း ၄၀၀ တို့သည်လည်း လွှတ်တော် အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြရာ ယနေ့တွင် လေ့လာသူစုစုပေါင်း ၆၀၈ ဦးရှိသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်တွင်းဧည့်သည် ၅၆၈၂၅ ဦးနှင့် ပြည်ပဧည့်သည် ၂၂၉၅ ဦး စုစုပေါင်း ဧည့်သည် ၅၉၁၂၀ ရှိပြီဖြစ်ကြောင်းနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသား လွှတ်တော်ရုံး၊ ပြည်ထောင်စု လွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်တို့ထံလိပ်မူပြီး သုံးရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment