နေပြည်တော် ဇွန် ၁၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် The World Bank Myanmar ၏
Environment and Natural Resources – ENR မှ Manager , Mr. Christophe Crepin နှင့်
အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်
သစ်တောတည်ထောင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ၊ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးဒေသများ၌
ပူးပေါင်းဆောင်ရွက်ရေး၊ အသစ်ပြင်ဆင်ရေး ဆွဲထားသည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဆိုင်ရာ
ညွှန်ကြားချက်အား တိုင်းရင်းသားဘာသာ စကားများသို့ ပြန်ဆိုမှုနှင့် ဒေသခံများနှင့် ထိရောက်သော
ပူးပေါင်းဆောင်ရွက်မှု ရရှိရေး ဆောင်ရွက်မှုများ၊ နိုင်ငံတကာ ဘဏ္ဍာရေးရင်းမြစ်များမှ ပူးတွဲရန်ပုံငွေကျခံနိုင်ရေး
ဆောင်ရွက်နိုင်သည့် အစီအမံများ၊ ရေးဆွဲပြီးသည့် အမှိုက်စီမံခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာနှင့်
စီမံချက်အကောင်အထည်ဖော်ရေး၊ ပလပ်စတစ် အမှိုက်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်
အမှိုက်များ စီမံခန့်ခွဲရေး အတွက် တိုင်းဒေသကြီး၊ ပြည်နယ်တို့နှင့် ပူးပေါင်း ဆောင်ရွက်
နိုင်မှုများ၊ နိုင်ငံအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာခြင်းကို ပြည်ထောင်စုအဆင့်
စတင်မိတ်ဆက်ပြီးနောက် တိုင်းဒေသကြီး/ ပြည်နယ်များ၌ အကောင် အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်မည့်
အစီအမံများနှင့် စပ်လျဉ်း ၍ ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment