Home

Monday, June 10, 2019

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ ဆက်လက် ကျင်းပ




နေပြည်တော် ဇွန် ၉

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက် လက်ကျင်းပပြီး ကျောက်မျက်အတွဲ ၂၆၀ နှင့် ကျောက်စိမ်းအတွဲ ၃၁၀၈ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။


ယနေ့ပြပွဲတွင် ရတနာကုန်သည်များသည် နံနက်ပိုင်းမှစ၍ မဏိရတနာ ကျောက်စိမ်း ခန်းမနှင့် ခန်းမဝန်းအတွင်း နယ်မြေခွဲ၍ ခင်းကျင်းပြသထားသည့် ကျောက်မျက် အတွဲများနှင့် ကျောက်စိမ်းအတွဲများ အား မိမိတို့စိတ်ကြိုက် လွတ်လပ်စွာလှည့်လည် ကြည့်ရှု ရွေးချယ်မှတ်သားကြပြီး ကျောက်မျက်နှင့် ကျောက်စိမ်းတွဲများအတွက် ဈေးနှုန်း အဆိုပြုလွှာများကို သတ်မှတ်ထားသည့် တင်ဒါပုံးများအတွင်း ထည့်သွင်း ကြသည်။

ယခုကျင်းပသည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၂၆၀ ကို ဇွန် ၁၀ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲ အမှတ်(၁)မှ အတွဲအမှတ် (၁၀၅၀) အထိ ၁၀၅၀ တွဲကို ဇွန် ၁၁ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ်(၁၀၅၁) မှ အတွဲအမှတ် (၂၁၀၀)အထိ ၁၀၅၀ တွဲကို ဇွန် ၁၂ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၂၁၀၁)မှ အတွဲအမှတ် (၃၁၀၈)အထိ ၁၀၀၈ တွဲကို ဇွန် ၁၃ ရက်တွင်လည်းကောင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲကို ပြည်တွင်းမှ ကုန်သည်ငယ်များ ကုန်ကြမ်းရရှိရန်နှင့် လုပ်ငန်းရှင်များ ဝင်ငွေရရှိရန်အတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး ဇွန် ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

မော်စီ

No comments:

Post a Comment