Home

Friday, June 7, 2019

ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းခြင်းကြောင့် ယခုနှစ် ပထမလေးလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသွားအရေ အတွက် ယမန်နှစ်ကထက် မြင့်တက်


န်ကုန် ဇွန် ၆

ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းခြင်း ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသွားလာ ကြသည့် ခရီးသည်အရေအတွက်မှာ ယမန်နှစ် ကထက် မြင့်တက်မှုရှိခဲ့ကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် လုပ်ငန်းများကို တာဝန်ယူဆောင်ရွက် နေသည့် Yangon Aerodrome Company Limited (YACL) ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉ ခုနှစ် ပထမလေးလတာ ကာလအတွင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ခရီးသည် အရေအတွက် ၂ ဒသမ ၃ သန်းကို လက်ခံ ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး ယမန်နှစ် အလားတူကာလက လက်ခံ ဝန်ဆောင်မှုပေးခဲ့သော အရေ အတွက် ၂ ဒသမ ၂ သန်းနှင့် နှိုင်းယှဉ်လျှင် ခရီးသွားလာမှု အရေအတွက် ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာသည် ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြ ထား သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှု ပမာဏမှာ ယမန်နှစ်ကထက် ၇ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပြည်တွင်းခရီး သွားလာမှုပမာဏမှာမူ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်း မှုရှိခဲ့ကြောင်း သိရသည်။

“ပြည်တွင်းလေကြောင်းခရီးသွား လာမှုနှုန်း လျော့ကျသွားပေမယ့် ကျွန်တော်တို့ရဲ့ ပြည်ပခရီးစဉ်တွေ တိုးချဲ့ပျံသန်းမှုက တိုးတက်အောင်မြင် လျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိက အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက် ဖြစ်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းတွေကို တာဝန်ယူ ဆောင်ရွက် နေတဲ့ ကျွန်တော်တို့ YACL အနေနဲ့ မကြာခင်မှာ အာရှဒေသတွင်း ခရီးစဉ်သစ်တွေကို ပိုမိုတိုးချဲ့ ပျံသန်းသွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု Yangon Aerodrome Company Limited (YACL) မှ စီအီးအို Mr. Ho Chee Tong က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် လေကြောင်းလိုင်း ၂၇ ခုအား လက်ခံဝန်ဆောင်မှုပေးခဲ့ပြီး အာရှဒေသတွင်း ၁၁ နိုင်ငံရှိ မြို့ကြီး ၂၂ မြို့နှင့် ခရီးစဉ်များ ချိတ်ဆက် ပျံသန်းပြေးဆွဲခဲ့ကြောင်း၊ ယခုနှစ် မေလအထိ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် လေကြောင်း လိုင်း ၃၀ ခုအထိ လက်ခံဝန်ဆောင်မှု ပေးလျက်ရှိပြီး အာရှဒေသတွင်း ၁၁ နိုင်ငံမှ မြို့ကြီး ၂၈ မြို့နှင့် ချိတ်ဆက် ပြေးဆွဲပျံသန်းလျက်ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်း ၃၀ နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် ၃၂ ခုအား ဝန် ဆောင်မှုပေးလျက်ရှိသော ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ခရီးသည်ပေါင်း ၆ ဒသမ ၀၃၅ သန်း ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။

ရာမည

No comments:

Post a Comment