Home

Friday, June 7, 2019

ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူတော်ငွေ ပေးအပ်ပွဲ အခမ်း အနား ကျင်းပ


နေပြည်တော် ဇွန် ၆
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်း အ၀ိုင်းအနီး ထာဝရငြိမ်းချမ်းရေး စေတီတော် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် ထာဝရ ငြိမ်းချမ်းရေးစေတီတော် တည်ဆောက် ရေးအတွက် အမှတ်(၁၂၇/အေ) ဓမ္မစေတီလမ်း (၁၀)ရပ်ကွက် ကမာရွတ်မြို့နယ် ရန်ကုန်မြို့နေ ဒေါက်တာအောင်ကျော်ဝင်း+ ဒေါက်တာသက်သက်ခိုင်တို့မှ အလှူငွေကျပ် သိန်း ၃၅၀နှင့်
သာသာနပြု ဆေးပဒေသာ ပင်အတွက် ရန်ပုံငွေကျပ် သိန်း ၃၅၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ပြည်ထောင်စု ၀န်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ အလှူငွေများ လက်ခံရ ယူခဲ့သည်။
အဆိုပါ အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန သာသနာ တော် ထွန်းကားပြန့်ပွားရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment