နေပြည်တော် ဇွန် ၁၃
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့်
ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေး အဆင့်မြင့် အရာရှိများ အစည်းအဝေးနှင့်
ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်
ဘင်းမ်စတက် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် အကြို ညှိနှိုင်း
အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး
၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော် က
အဖွင့် အမှာစကား ပြောကြားပြီး အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦးက ပထမအကြိမ်
ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို လည်းကောင်း၊ စီမံကိန်းဦးစီးဌာန ညွှန်ကြား
ရေးမှူးချုပ် ဦးကျော်ဆွေလင်းက အကြို လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်
ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကြိုဆိုရေး၊ လုံခြုံရေး၊ ကျန်းမာရေး
စောင့်ရှောက်မှုနှင့် သယ်ယူ ပို့ဆောင်ရေးဆိုင်ရာများ၊ သံတမန်ရေးရာ လုပ်ငန်းများ၊
ဧည့်ခံရေး ဆိုင်ရာများ၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးဆိုင်ရာလုပ်ငန်းများကို
သက်ဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများက လည်းကောင်း
ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် တက်ရောက် လာကြသူများက အကြံပြု ဆွေးနွေးကြသည်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး
ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (Bay of Bengal Initiative for
Multi-Sectoral Technical and Economic Cooperation – BIMSTEC) ဘင်းမ် စတက်၌ လယ်ယာကဏ္ဍတွင် ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူ
ထားသော မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ပထမ အကြိမ်
စိုက်ပျိုးရေးအဆင့်မြင့်အရာရှိများ အစည်းအဝေးနှင့် ပထမ အကြိမ် ဘင်းမ်စတက်
စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးကို နေပြည်တော် ရှိ Hilton
Nay Pyi Taw Hotel ၌ ဇူလိုင် ၁၁
ရက် နှင့် ၁၂ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment