Home

Friday, June 9, 2017

ဂန့်ဂေါမြို့ ဇမ္ဗူထိပ်ခေါင် မြတ်စွာဘုရားတွင် စာကြည့်တိုက်ဖွင့်လှစ်

ဂန့်ဂေါ ဇွန် ၉
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကကြီးမှူး၍ ဇမ္ဗူထိပ်ခေါင် မြတ်စွာဘုရားတွင် ဇမ္ဗူထိပ်ခေါင် စာကြည့်တိုက်ဖွင့်ပွဲကို ဇွန် ၉ ရက်နံနက် ၉ နာရီက အဆိုပါ ဘုရားကြီးတန်ဆောင်း၌ ပြုလုပ်ရာ ဂန့်ဂေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်၊ ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဌ ဦးရာတင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်က အမှာစကားပြောကြားပြီး ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးရာတင်နှင့် စာကြည့်တိုက်ကော်မတီ အတွင်းရေးမှူး ဦးစောလေးတို့က လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စေတနာရှင်များက စာအုပ်မျိုးစုံ ၃၈၀ ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင် ပြန်/ဆက်

No comments:

Post a Comment