Home

Tuesday, February 28, 2017

စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေး ကနီ၌ကျင်းပ


ကနီ ဖေဖော်ဝါရီ   ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ ကျေးလက်ဒေသနှင့် မြို့နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။


အဆိုပါ စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရွှေဌေးနှင့် ဦးထွန်းထွန်းဝင်းတို့မှ အဖွင့်အမှာ စကား ပြောကြားပြီး ယင်းမာပင်ခရိုင် ခရိုင်စီမံကိန်းဦးစီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းလှိုင်က စီမံကိန်းရေးဆွဲ ဆောင်ရွက်မည့်ဘဏ္ဍာနှစ်အထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာမက၊ လူမှုရေးကဏ္ဍဖွံ့ဖြိုး တိုးတက်နိုင်ရန်နှင့်  ဒေသန္တရစီမံကိန်းရေးဆွဲဆောင်ရွက်ရခြင်း  ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဖြိုးအောင်ထွန်းက မိမိတို့မြို့နယ်အတွင်း လူမှုစီးပွား ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အောက်ခြေပြည်သူလူထု၏ ဆန္ဒအမှန်ရယူ၍ ကြိုတင်ရေးဆွဲထားရှိရန်လိုအပ်ပြီး ဒေသန္တရ စီမံကိန်းများကိုအချိန်ယူရေးဆွဲခြင်းဖြင့် ပြည်သူဗဟိုပြု စီမံကိန်း များအဖြစ် ပိုမိုကောင်းမွန်သော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်နိုင်ရန် လိုအပ် ကြောင်း ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ယင်းစီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြိုဖများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment