Home

Saturday, February 25, 2017

၂၀၁၆-၂၀၁၇ ခုနှစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးအားကစားပြိုင်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၅
၂၀၁၆-၂၀၁၇ ခုနှစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ရေ၊လေ) ဂေါက်သီးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ဂေါက်ကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆုချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် လိုင်းနှင့်အနီးဆုံး ရိုက်ချက်ဆုရရှိသူများ၊ ကျင်းနှင့် အနီးဆုံး ရိုက်ချက်ဆုရရှိသူများ၊ အဝေးဆုံး ရိုက်ချက်ဆုရရှိသူများ၊ တစ်ဦးချင်း (အကျောပေး) ပြိုင်ပွဲနှင့် တစ်ဦးချင်း (အကျောမဲ့) ပြိုင်ပွဲများတွင် အကောင်းဆုံးဆု ရရှိသူများ၊ Par အများဆုံးဆု၊ Birdie အများဆုံးဆု၊ Eagle အများဆုံးဆု၊ တစ်ချက်တည်း ကျင်းဝင်ဆုရှိသူများ၊ တစ်ဦးချင်း (အကျောပေး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများ၊ တစ်ဦးချင်း (အကျောမဲ့) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အသင်းလိုက်(အကျောပေး)ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်အသင်းနှင့် အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်(လေ)အသင်းတို့အား တာဝန်ရှိသူများ က ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အသင်းလိုက် (အကျောပေး) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ် (လေ) အသင်းနှင့် အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ)အသင်းတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသင်းအလိုက် (အကျောပေး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) အသင်းနှင့် အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းတို့အား တံခွန်စိုက်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment