Home

Tuesday, December 20, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ခရစ်တော်မွေးနေ့အကြို မေတ္တာပို့ ဆုတောင်း ကောင်းချီးပေး


နေပြည်တော် ဒီဇင်ဘာ ၂၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ မိသားစုအဖွဲ့က ယနေ့ ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်၌  ခရစ်တော်မွေးနေ့အကြို လာရောက်ဆုတောင်းကောင်း ချီးပေးကြသည်။




ဆုတောင်းပွဲတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ မိသားစုအဖွဲ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နှုတ်ခွန်းဆက်သပြီး ခရစ္စမတ်လက်ဆောင်ပန်းခြင်း ပေးအပ်ကာ ခရစ်တော်မွေးနေ့ အကြို နှုတ်ခွန်းဆက်ဓမ္မတေးသီချင်း သီဆိုကြသည်။
ယင်းနောက် ပဲခူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ရွှေပုံက သမ္မာကျမ်းစာဖတ်ကြားပြီး ပလက်ဝမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစိန်အောင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် မေတ္တာပို့ဆုတောင်း ကောင်းချီးပေးသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမိသားစုအဖွဲ့က “လောက၀မ်းမြောက်”၊ “ခရစ္စမတ်ရက်မြတ်”၊ Silent Night “ နှင့် “နှုတ်ဆက်ပါတယ်”စသည့် ဓမ္မတေးသီချင်းများသီဆို၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် မေတ္တာပို့ဆု တောင်းကောင်းချီးပေးကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ခရစ္စမတ်လက်ဆောင် ပြန်လည်ပေးအပ်ပြီး  ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ မိသားစုအဖွဲ့အား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

No comments:

Post a Comment