Home

Monday, December 19, 2016

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၏ စိုက်ပျိုးရေးနှင့် ကျေးလက် ရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၁၉
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၏ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ H. E. Mr. Wang Guosheng နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်ချင်းချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လွှတ်တော်ကော်မတီ အချင်းချင်းပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
( သတင်းစဉ် )

No comments:

Post a Comment