Home

Tuesday, December 13, 2016

ဖရူဆိုမြို့နယ်၊ ကေကော ကျေးရွာတွင် ဂျပန်အစိုးရနှင့်ပြည်သူများမှ ဆောက်လုပ်လှူဒါန်းသော ကျေးလက်ကျန်းမာရေးဌာနဖွင့်ပွဲ အခမ်းအနား ပြုလုပ်

လွိုင်ကော်        ဒီဇင်ဘာ ၁၂
ဂျပန်အစိုးရနှင့်ပြည်သူများမှ ဆောက်လုပ်လှူဒါန်းသော ကျေးလက်ကျန်းမာရေးဌာနဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် (၁၂)နာရီအချိန်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ကေကောကျေးရွာ၌ ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဂျပန်သံရုံးကိုယ်စား ဒုတိယအတွင်းဝန် Mr.Keita Iwase နှင့် ကေကောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအန်းဂျေလိုတို့က အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။




ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး ဂျပန်သံရုံးကိုယ်စား ဒုတိယအတွင်းဝန် Mr.Keita Iwase က ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦနှင့် ဆက်စပ်ပစ္စည်းများ ဆောက်လုပ် လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျေးရွာများကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦအတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကျေးလက်ကျန်းမာရေးဌာနအဆောက်အဦနှင့် ဆက်စပ်ပစ္စည်းများအား ၂ဝ၁၄ ခုနှစ်၊ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ဂျပန်အစိုးရနှင့်ပြည်သူတို့၏ ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကေကောကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာ(၁၅)ရွာမှ တိုင်းရင်းသားပြည်သူ (၂၃ဝဝ)ကျော်တို့အား ကျန်းမာရေး စောင့်ရှောက်မှု အဆင့် မြှင့်တင်ပေးနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။


ကယားပြည်နယ်ပြန်/ဆက်

No comments:

Post a Comment