Home

Monday, December 12, 2016

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ နန်းဦးစာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

ပဲခူး               ဒီဇင်ဘာ ၁၁
ပြည်သူများ စာပေနှင့်လက်လှမ်းတမီရှိနေစေရန်၊ အသိပညာ၊ ဗဟုသုတ တိုးပွားလာစေရန် စာဖတ်သည့် အလေ့အထ ရရှိစေရန်ရည်ရွယ်၍ “နန်းဦး” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်က အဆိုပါစာကြည့်တိုက်ရှေ့တွင် ကျင်းပခဲ့သည်။ စာကြည့်တိုက်အား ပဲခူးတိုင်း ဒေသကြီး၊ သယံဇာတသစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းဇံ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုး၊ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ၀န်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်လှလှဌေး မှ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပတ်သက်၍ လည်းကောင်း၊ စာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင် က စာကြည့်တိုက် ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး စာကြည့်တိုက်သို့ သုတရသစာအုပ်စာစောင်များကို စာကြည့်တိုက်ကော်မတီထံ ပေးအပ် လှူဒါန်းခဲ့သည်။ စာကြည့်တိုက် အဆောက်အဦသည် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၄ ပေရှိ တစ်ထပ်အုတ်ညှပ် အဆောက်အဦ ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment