နေပြည်တော် ဖေဖော်ဝါရီ (၂)
အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအတွင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေး အတွက် အကြံဉာဏ်ပေးခြင်းနှင့် သင့်လျော်သည့်အစီအမံများ
ချမှတ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ
အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်ရှိန်နှင့် ဒေါက်တာညီညီထွန်း တို့သည် ယနေ့နံနက်(၁၀)နာရီတွင်
နေပြည်တော်စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ စုပေါင်းခန်းမ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့
တားဆီးကာကွယ်ရေးအတွက် ဥပဒေရေးရာများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
အဆိုပါ ဟောပြောပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်
ဒေါက်တာညီညီထွန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများနှင့် ပတ်သက်၍လည်းကောင်း၊ အဖွဲ့ဝင်ဦးမောင်ရှိန်က
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ဆောင်ရွက်ချက်များနှင့် ဥပဒေရေးရာများ၊ နောက်ခံသမိုင်း၊
အရေးယူ ဆောင်ရွက်မှုအခြေအနေများ၊ ခေတ်မီသော ဥပဒေသစ်တစ်ရပ်ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်မှု၊
ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း ဝန်ထမ်းများ အနေဖြင့်
ဥပဒေကိုသိရှိပြီး သတိပြုဆင်ခြင်နိုင်စေရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်စေရေးတို့အတွက်
ဆွေးနွေး ဟောပြာခဲ့သည်။
အဆိုပါအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်း(၂၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment