Home

Sunday, February 8, 2015

မိခင်ဖြစ်သူမှ ကျောင်းသားသပိတ်အဖွဲ့အတွင်း ရောက်ရှိနေသော ဒသမ တန်းကျောင်းသူအား ပြန်လည်ခေါ်ဆောင်



ရန်ကုန် ဖေဖော်ဝါရီ ၈
ပညာရေးဝန်ကြီးဌာန၏ ကြေညာချက်နှင့် ကျောင်းသားမိဘများသို့ ပန်ကြားချက်များအရ ဧရာဝတီကျောင်းသား သပိတ်အဖွဲ့တွင် လိုက်ပါနေသော အ.ထ.က(၁) ပုသိမ်မှ ဒသမတန်းကျောင်းသူ မချောစုစံ၏ မိခင် ဒေါ်သိင်္ဂီသည် ဖေဖော်ဝါရီ(၇)ရက် ညနေပိုင်း တွင် မအူပင်မြို့သို့ ရောက်ရှိလာသည်။

ယနေ့ နံနက်(၁၀)နာရီခွဲတွင် မအူပင် ခရိုင်ပညာရေးမှူး ဦးဆောင်သော ပညာရေးဌာနမှ တာဝန်ရှိသူ များနှင့် ကျောင်း သူ၏မိဘများသည် ဧရာဝတီကျောင်းသား သပိတ်အဖွဲ့နှင့် သွားရောက်တွေ့ဆုံ ပြီးနောက် မချော စုစံအား ပြန်လည်ခေါ်ဆောင် လာခဲ့သည်။
မအူပင် ခရိုင်ပညာရေးမှူးရုံးမှ လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ပြီး မချောစုစံနှင့်မိသားစုဝင်များအား မအူပင်မြို့မှ ပုသိမ်မြို့ သို့ မော်တော်ကားဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့သည်။
ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒသမတန်းမှ မချောစုစံအနေဖြင့် တက္ကသိုလ် ဝင်တန်းစာမေး ပွဲဖြေဆိုနိုင်ရေး အတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးတို့က စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment