Home

Sunday, February 1, 2015

သာကေတမိကျောင်းမွေးမြူရေးစခန်းတွင် မိကျောင်းသားပေါက်များ ထိန်းသိမ်းမွေးမြူလျက်ရှိ



နေပြည်တော် ဖေဖော်ဝါရီ ၁
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းတည့် (၁၂) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသို့ရောက်ရှိပြီး ပြည်သူအများ လေ့လာနိုင်ရန်အတွက် ကမ်းရိုး တန်းသွား ရေယာဉ် (MV-705) ထားရှိပြသ မည့် လမုတော ဥယျာဉ်အတွင်းရှိ မြေနေရာများ၊ မြစ်ပြင် ရှုခင်းနှင့် ရေနွေးငွေ့သုံးရှေးဟောင်း မီးရထားစက်ခေါင်း ခင်းကျင်းပြသရန် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မိကျောင်းမွေးမြူရေး စခန်းသို့ ရောက်ရှိပြီး သဘာဝလွှတ်ကျောင်း မွေးမြူရေးကန်နှင့် သားပေါက်ပြုစု ထိန်းသိမ်းမွေးမြူရေးကန်များ အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး မြန်မာ့မိကျောင်းမျိုးများ မျိုးဆက်မပြုန်း တီးရေး၊ပြည်သူအများနှင့် နိုင်ငံခြား ခရီးသွားဧည့်သည်များ အပန်းဖြေ ဗဟုသုတရှာမှီးနိုင်ရေး၊ မြန်မာ့မိကျောင်းများ၏ လှုပ်ရှားသွားလာမှုများအား ပြည်သူအများ သိရှိလေ့လာနိုင်ရေးအတွက် တိုးချဲ့လုပ်ဆောင်ကြရမည် ဖြစ်ကြောင်းဖြင့်ပြောကြားပြီး မိကျောင်း မွေးမြူရေး စခန်းအတွင်း လာရောက်ကြည့်ရှုလေ့လာနေကြ သည့် ပြည်သူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိကျောင်းထိန်းသိမ်း မွေးမြူရေးကန်အမှတ် (၃) သို့ရောက်ရှိရာ တာဝန်ခံ ဦးသိန်းလွင်က မိကျောင်းများ၏ သဘာဝ၊ လှုပ်ရှားနေထိုင်မှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး မိကျောင်း မြီးတိုနှင့် သရုပ်ဖော်ပြသ ခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment