Home

Saturday, February 14, 2015

(၁၃) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ကျင်းပရေးဆိုင်ရာ ဒုတိယ အကြိမ် ညှိနှိုင်းစည်းဝေး


နေပြည်တော် ဖေဖော်ဝါရီ ၁၃
(၁၃) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ကျင်းပရေးဆိုင်ရာ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က ကျင်းပခဲ့ပြီး (၁၃) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ဧရာဝတီတိုင်း ဒေသကြီးရှိ ငွေဆောင်ကမ်းခြေတွင် လာမည့်မတ် ၂၅ ရက် နှင့် ၂၆ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

ယနေ့တွင် ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ (၁၃) ကြိမ်မြောက် အာဆီယံပြန်ကြား ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက လာမည့်မတ်လတွင် ကျင်းပမည့် အစည်းအဝေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီးအနေဖြင့် လိုအပ်ချက်များမရှိစေရန် ပူးပေါင်းဆောင်ရွက် သွားစေလိုကြောင်း၊ ယခင် ကျင်းပခဲ့သည့် ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးတွင်လည်း လိုအပ်ချက် များမရှိစေရန် ဆွေးနွေးခဲ့ကြပြီးဖြစ်ပါကြောင်း၊ ယနေ့ တွင်လည်း သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးက လိုအပ်ချက်များရှိလျှင် ညှိနှိုင်းဆွေးနွေးကြ စေလိုကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် (၁၃) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက အစည်းအဝေး ကျင်းပရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် အစည်းအဝေးကျင်းပနိုင်ရေး အတွက် ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ 

No comments:

Post a Comment